ကာလာ ၆ ရောင်နဲ့ ထွက်ဖို့ ရှိပါတယ်

Samsung ရဲ့ flagship ဖုန်းစီးရီးသစ် Galaxy S21 ဟာ ပုံမှန်ထက်စောပြီး မိတ်ဆက်သွားမယ်လို့ သတင်းတွေထွက်နေပါတယ်။

စမတ်ဖုန်းသတင်း leaker တစ်ယောက်ဖြစ်တဲ့ Jon Prosser ကတော့ Samsung ရဲ့ အသစ်ထွက်လာမယ့် Galaxy S flagship မိတ်ဆက်မယ့်အချိန် ၊ pre-order နဲ့ ဖြန့်ချိမယ့်ရက်တွေအပြင် ရောင်းချသွားမယ့်အရောင်တွေပါ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ Galaxy S series ဖုန်းသစ်တွေဟာ Galaxy S21 ၊ Galaxy S21+ နဲ့ Galaxy S21 Ultra နာမည်တွေနဲ့ ထွက်လာဖို့ ရှိပါတယ်။



Photo: androidcentral

ဒီနှစ်မှာ Samsung ဟာ Galaxy S20 ၊ S20+ နဲ့ Galaxy S20 Ultra နာမည်နဲ့ မိတ်ဆက်ခဲ့တာ ဖြစ်လို့ ၂၀၂၁ မှာ Galaxy S30 series အဖြစ် နာမည်ပေးသွားမလားလို့ ယူဆခဲ့သူတွေ ရှိပါတယ်။ ဒီအတိုင်းဆိုရင်တော့ Galaxy S30 စီးရီးကို ၂၀၃၀ ရောက်မှ မြင်တွေ့ရဖို့ ရှိပါတယ်။ ၂၀၂၁ Galaxy Unpacked ပွဲကို ဇန်နဝါရီ ၁၄ ရက် မှာ ကျင်းပသွားမယ်လို့ Jon Prosser က ဆိုပါတယ်။

pre-order ကိုလည်း မိတ်ဆက်တဲ့နေ့မှာပဲ စပြီး လက်ခံသွားဖို့ ရှိပြီး နှစ်ပတ်လောက် အကြာ ဇန်နဝါရီ ၂၉ ရက်မှာ Galaxy S21 series ကို စတင်ရောင်းချသွားမှာပါ။ Jon Prosser ရဲ့ အဆိုအရ Galaxy S21 series ဟာ အနက် ၊ အဖြူ ၊ မီးခိုးရောင် ၊ ငွေရောင် ၊ ခရမ်းရောင်နဲ့ ပန်းရောင်တွေနဲ့ ထွက်လာမယ်လို့ ဆိုပါတယ်။

Photo: Notebook Check

၂၀၂၁ ထွက် Galaxy S series ဖုန်းသစ်တွေဟာ ဈေးကွက်ပေါ် လိုက်ပြီး Snapdragon 875 processor ၊ Exynos 2100 processor တို့ကို သုံးသွားမှာပါ။ လက်ရှိ Galaxy S20 ဖုန်းဒီဇိုင်းတွေလိုမျိုး မှန်ပြင်အပေါ် အလယ်တည့်တည့်မှာ Infinity-O display သုံးလာနိုင်ပါတယ်။ Galaxy S21 နဲ့ S21 Plus တို့ဟာ ကျောဘက်မှာ ကင်မရာသုံးလုံး သုံးလာဖို့ ရှိပြီး Ultra model ဟာ ကျောဘက်ကင်မရာလေးလုံး ပါဝင်လာဖို့ ရှိပါတယ်။

Galaxy S21 ၊ Galaxy S21+ နဲ့ Galaxy S20 Ultra တို့ဟာ 4000 mAh ၊ 4800 mAh နဲ့ 5000mAh ဘက်ထရီ နဲ့ ထွက်လာဖို့ ရှိပြီး အမြန်အားသွင်းစနစ် ၊ reverse wireless charging နဲ့ သုံးလာမှာပါ။ ဆက်စပ်သတင်းအနေနဲ့ Samsung ဟာ Galaxy S21 စီးရီး ဗူးတွေမှာ charger နဲ့ နားကြပ်တို့ ထည့်မပေးဖို့ စဉ်းစားနေတယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က