Realme ထုံးစံ ဈေးသင့်တဲ့ 5G ဖုန်းဖြစ်ဖို့ ရှိပါတယ်
Nyein Min Wai

တန်ဖိုးသင့် 5G ဖုန်းတွေ ထုတ်နေတဲ့ Realme ဟာ လာမယ့်သီတင်းပတ်အတွင်းမှာ Realme 7 5G ကို ကြေညာသွားမှာပါ။

Realme 7 5G ကို ယူကေမှာ အွန်လိုင်းမိတ်ဆက်ပွဲတစ်ခုအနေနဲ့ ကျင်းပသွားမှာ ဖြစ်ပါတယ်။ Realme 7 5G မိတ်ဆက်ပွဲကို ကုမ္ပဏီရဲ့ Twitter ၊ Facebook နဲ့ YouTube ချန်နယ်တွေကနေ Livestream လွှင့်သွားမှာပါ။ ဖုန်းရဲ့ ဒီဇိုင်းနဲ့ အချက်အလက်တချို့ကတော့ ထွက်ရှိထားပြီ ဖြစ်ပါတယ်။

Photo: GSMArena


Realme ဟာ နိုဝင်ဘာ ၁၉ ရက်နေ့မှာ မိတ်ဆက်သွားမယ့် Realme 7 5G ရဲ့ ဒီဇိုင်းအရိပ်အမြွက် ပြထားပါတယ်။ ပိုစတာမှာ တွေ့ရတဲ့ပုံအရ Realme 7 5G ဟာ punch-hole display ဒီဇိုင်းနဲ့ လာပြီး ဘေးဘောင် fingerprint reader တစ်ခု တပ်ဆင်ထားပါတယ်။ တခြား specs တွေအကြောင်းတော့ မသိရသေးပါဘူး။

NBTC က ထုတ်ပြန်တဲ့အချက်အလက်တွေအရ Realme 7 5G ဟာ RMX2111 မော်ဒယ်ကုဒ်နဲ့ လာပြီး တရုတ်မှာ မိတ်ဆက်ခဲ့တဲ့ Realme V5 5G ကို Rebrand လုပ်ထားတာလို့ ဆိုပါတယ်။ ဒီသတင်းမှန်မယ်ဆိုရင်တော့ Realme 7 5G ဟာ Dimensity 720 SoC နဲ့ လာပြီး ဘက်ထရီပါဝါ 5000mAh သုံးလာဖို့ ရှိပါတယ်။

အားသွင်းမှုအနေနဲ့ 30W charging ပံ့ပိုးမှု သုံးလာနိုင်ပါတယ်။ Realme 7 5G ဟာ မျက်နှာပြင် ၆.၅ လက်မ FHD+ 90Hz LCD display ပါရှိပြီး ရှေ့ 16MP selfie shooter ပါရှိဖို့ ရှိပါတယ်။ ကျောဘက်မှာ 48MP Quad cameras သုံးလာဖို့ ရှိပြီး ဈေးနှုန်းတော့ မသိရသေးပါဘူး။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က