Pixel XE ကလည်း mid-ranger ဖြစ်ဖို့ များပါတယ်

Google ရဲ့ နာမည်သစ်နဲ့ mid-ranger ဖုန်းအကြောင်း ဓါတ်ပုံနဲ့တကွ အွန်လိုင်းပေါ်သတင်းတွေ ပျံ့နေပါတယ်။

Google ဟာ အရင် Pixel 4 ၊ Pixel 4a နဲ့ Pixel 5 တို့ကနေ ခွဲထွက်တဲ့ ဖုန်းသစ်တစ်မျိုးကို ထုတ်လုပ်နေတယ်လို့ ဆိုပါတယ်။ အွန်လိုင်းပေါ် တက်လာတဲ့ပုံတွေအရ Pixel XE နာမည်နဲ့ ဖုန်းတစ်လုံးကို Google က မိတ်ဆက်သွားဖို့ ရှိနေပါတယ်။ SlashLeaks မှာ Google Pixel XL အကြောင်း ဓါတ်ပုံလေးခု တက်လာခဲ့ပါတယ်။




Photo: gizmochina


ဓါတ်ပုံအားလုံးဟာ ဖုန်း Settings တွေကို ရိုက်ပြထားတာ ဖြစ်ပြီး About Phone ဆိုတဲ့ screen မှာ Google Pixel XE လို့ ပြနေတာပါ။ အသစ်ထွက်လာတဲ့ Pixel 4a 5G နဲ့ Pixel 5 ဖုန်းစီးရီးတွေမှာ punch-hole display အမျိုးအစားကို စပြီး သုံးလာတာ ဖြစ်ပါတယ်။ Pixel XE ဖုန်းမှာ အပေါ်ဘက်အလယ်တည့်တည့် punch-hole အမျိုးအစားနဲ့ ထွက်လာဖို့ ရှိပါတယ်။

Pixel XE ပုံတွေမှာ NFC နဲ့ Bluetooth support တွေ ပါမယ်လို့လည်း ပြထားပါတယ်။ ဒီဖုန်းဟာ Dual-SIM card support ပေးထားပြီး တစ်ခုဟာ e-SIM စနစ် ဖြစ်မယ်လို့ ဆိုပါတယ်။ processor အနေနဲ့ CPU frequency အနေနဲ့ 1.8GHz ရှိပြီး Android 11 သုံးလာမှာပါ။ တစ်နည်းအားဖြင့် mid-range Qualcomm processor သစ်တစ်မျိုးမျိုး သုံးလာဖို့ ရှိပါတယ်။

Google အနေနဲ့ ဖုန်းသစ်တွေ ထွက်ထားတာ သိပ်မကြာသေးပါဘူး။ နောက်ထပ်ဖုန်းသစ်တစ်လုံး မိတ်ဆက်ဖို့ဆိုတာ စောသေးတယ်လို့ ဆိုနိုင်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က