Galaxy Z Fold Lite ကို အရင်မိတ်ဆက်သွားဖို့ရှိပါတယ်
Nyein Min Wai

၂၀၂၁ ခုနှစ်မှာ Samsung ဟာ Foldable Phones တွေကို ပိုပြီး ဦးစားပေး မိတ်ဆက်သွားဖို့ ရှိပါတယ်။

UBI Research မှ OLED သုတေသီတွေရဲ့ အဆိုအရ Samsung ဟာ ၂၀၂၁ ခုနှစ်ထဲမှာ Foldable ဖုန်း သုံးမျိုးဖြန့်ချိသွားမယ်လို့ ဆိုပါတယ်။ လာမယ့်နှစ်ဟာ Samsung အတွက် အပြောင်းအလဲတွေ အများကြီးဖော်ဆောင်မယ့်နှစ် တစ်နှစ် ဖြစ်ဖို့ ရှိပါတယ်။ လတ်တလော သတင်းတွေအရ Samsung ဟာ Galaxy Note စီးရီးတွေ ဖျက်သိမ်းသွားမယ်လို့ ဆိုပါတယ်။



Photo: En24World


၂၀၂၁ ခုနှစ်မှာ Samsung ဟာ Galaxy Z Fold 3 ၊ Galaxy Z Fold Lite နဲ့ Z Flip 2 တို့ ကြေညာသွားဖို့ ရှိပါတယ်။ UBI Research မှ သုတေသီရဲ့ အစီရင်ခံစာမှာ သုံးမယ့် Screen အမျိုးအစားအကြောင်းတွေပါ ပြောထားပါတယ်။ ဖုန်းသုံးမျိုးစလုံးဟာ မျိုးဆက်သစ် Ultra-Thin Glass (UTG) Foldable display နဲ့ ပါဝါသုံးစွဲမှု နည်းစေတဲ့ LTPO နည်းပညာ သုံးသွားဖို့ ရှိပါတယ်။

Foldable ဖုန်းသစ် သုံးမျိုးမှာ Galaxy Z Fold 3 ဟာ Under-display selfie ကင်မရာ ၊ Stylus တို့နဲ့ လာမယ်လို့ ဆိုပါတယ်။ Screen Size ကိုတော့ ၇.၆ လက်မကနေ ၇ လက်မကို လျှော့သွားဖို့ ရှိပါတယ်။ အပြင် display ဟာ ၄ လက်မဆိုဒ်ရှိမယ်လို့ ပြောပါတယ်။ Galaxy Z Fold 2 ထက် အရွယ်အစားပိုသေးဖို့ ရှိပါတယ်။

Photo; pocketnow


Galaxy Z Fold Lite ဟာ အတွင်းဘက်မှာ ၇ လက်မဝန်းကျင် Foldable display တစ်ခု ပါဖို့ ရှိပြီး အပြင် Cover display ဟာ ၄ လက်မဆိုဒ်ခန့် ရှိမယ်လို့ သတင်းထွက်နေပါတယ်။ Galaxy Z Fold Lite ဟာ လာမယ့်နှစ် ပထမသုံးလပတ်မှာ ထွက်လာဖို့ ရှိပါတယ်။ Galaxy Z Fold 3 နဲ့ Galaxy Z Flip 2 တို့ကိုတော့ နောက်နှစ် တတိယသုံးလပတ်မှာ ဖြန့်ချိသွားဖို့ ရှိပါတယ်။

Galaxy Z Flip 2 ဟာ ၆.၇ လက်မ Foldable Panel နဲ့လာပြီး အပြင်မှာ ၃ လက်မ display ပါရှိမယ်လို့ ဆိုပါတယ်။ display ခေါက်တဲ့ပုံစံဟာ အတွင်းခေါက် In-Folding နည်းနဲ့ လာမှာပါ။ 


ဆက်စပ်အကြောင်းအရာများ


Author

  • Nyein Min Wai

    Content Writer (Duwun Tech)


က္က