Selfie device အနေနဲ့လည်း သုံးနိုင်မှာပါ

စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ OPPO ဟာ ထူးဆန်းတဲ့ ကင်မရာနည်းပညာသစ်တစ်မျိုးကို မူပိုင်ခွင့်တင်ထားတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ဉာဏမူပိုင်ခွင့်ရုံး WIPO ရဲ့ ဝက်ဘ်ဆိုက်မှာ ဖြုတ်နိုင် တပ်နိုင်တဲ့ Removable Camera Module ပါ ဖုန်းတစ်မျိုးကို မူပိုင်ခွင့်တင်ထားတာ တွေ့ရပါတယ်။ မူပိုင်ခွင့်မှာ ပြထားတဲ့ ပုံနဲ့ အညွှန်းအရ အနာဂါတ်မှာ မြင်ရနိုင်မယ့် ဒီနည်းပညာပါ ဖုန်းဟာ ကျောဘက် Panel ကနေ ကင်မရာ Module ဖြုတ်နိုင်ပြီး ဒီ ကင်မရာကိုမှ USB Type-C connector နဲ့ ချိတ်ပြီး Selfie ဆွဲဖို့ သုံးနိုင်မယ်လို့ ဆိုပါတယ်။




Photo: 91mobiles

ကင်မရာ Module မှာ Sensor နှစ်ခု ပါရှိပြီး ဆေးတောင့်ပုံစံ LED Flash တစ်ခုလည်း ထည့်သွင်းထားပါတယ်။ နောက်ပိုင်းမှာတော့ ကင်မရာ lens တွေ နှစ်ခုထက်မက သုံးလာနိုင်ပါတယ်။ USB Type-C connector တစ်ခုလည်း camera module မှာ ပါရှိပြီး ၉၀ ဒီဂရီနဲ့ ၁၈၀ ဒီဂရီ ကွေးခေါက်လို့ ရနိုင်ကြောင်း ပြထားပါတယ်။

မူပိုင်ခွင့်ဒီဇိုင်းမှာ NFC ၊ WiFi နဲ့ Bluetooth တို့လည်း ထည့်ထားတာ တွေ့ရပါတယ်။ ဖုန်းကျောဘက်အိမ်ကနေ ထုတ်ပြီး ဓါတ်ပုံရိုက်နိုင်ဖို့ Camera Module ကို လစ်သီယံအိုင်ယွန် ဘက်ထရီနဲ့ ပါဝါပေးမှာပါ။ OPPO ဟာ အရင်ကလည်း ကင်မရာပိုင်း ဆန်းသစ်မှုတွေ Concept ဖုန်း မိတ်ဆက်မှုတွေနဲ့ နာမည်ကြီးတဲ့ ဖုန်းကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ 

Photo: pocketnow


ပြီးခဲ့တဲ့လကပဲ OPPO ဟာ Screen ကို ဘေးဘက်ဆွဲဆန့်နိုင်မယ့် OPPO X 2021 Concept ဖုန်းတစ်မျိုးကို ကြေညာခဲ့ပါတယ်။ OPPO X 2021 ဖုန်းဟာ ခလုတ်နှိပ်ရုံနဲ့ ပုံမှန် ၆.၇ လက်မအရွယ်အစား Screen ကနေ တက်ဘလက်အရွယ်အစားဖြစ်တဲ့ ၇.၄ လက်မဆိုဒ်ပြောင်းနိုင်မယ့် ဖုန်းဖြစ်ပါတယ်။ 

အခုပြောခဲ့တဲ့ ဖုန်းနဲ့ နည်းပညာတွေကတော့ ဈေးကွက်ဝင်ဖုန်းတွေမှာ မြင်တွေ့ရဖို့တော့ အချိန်ယူရဦးမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က