Galaxy S20 တွေထက် ဈေးသက်သာဖို့ ရှိပါတယ်

၂၀၂၁ ဇန်နဝါရီလလယ်ပိုင်းလောက် ထွက်လာမယ်လို့ သတင်းကြီးနေတဲ့ Galaxy S21 စီးရီးရဲ့ renders ဒီဇိုင်းလေးတွေ ထွက်လာပါတယ်။


ဖုန်းသစ်မိတ်ဆက်ဖို့ တစ်လလောက်အလိုမှာ Samsung Galaxy S21/S21+ နဲ့ Galaxy S21 Ultra တို့ရဲ့ renders ပုံတွေ တွေ့ရတာပါ။ ဒီနမူနာဒီဇိုင်းတွေဟာ LetsGoDigital ဆီက ရလာတဲ့ ယုံကြည်ရတဲ့အတွင်းသတင်းတွေပေါ် အခြေခံပြီး ထုတ်ထားတာလို့ ဆိုပါတယ်။ LetsGoDigital ဆိုတာကလည်း နည်းပညာမူပိုင်ခွင့်နဲ့ ထုတ်ကုန်အမှတ်တံဆိပ်တွေကို သတင်းလိုက်ရာမှာ နာမည်ကြီးတဲ့ ဝက်ဘ်ဆိုက်တစ်ခု ဖြစ်ပါတယ်။



Photo: GSMArena

LetsGoDigital က လာတဲ့ သတင်းတွေကို အခြေခံပြီး အီတလီဒီဇိုင်နာ ဂူဆက်ပီ စပင်နယ်လီက Renders ဒီဇိုင်းတွေဆွဲထားတာပါ။ ဒီ renders တွေအရ SIM card slot ဟာ ဖုန်းအောက်ခြေမှာ ရှိပါလိမ့်မယ်။ ကင်မရာဒီဇိုင်းအနေနဲ့ Galaxy S21/S21+ တို့ဟာ ပုံစံတူ သုံးလုံးတွဲကင်မရာ Setup နဲ့ လာပြီး Ultra မော်ဒယ်ဟာ ပိုပြီးအဆင့်မြင့်တဲ့ လေးလုံးတွဲကင်မရာစနစ် သုံးသွားမှာပါ။

Ultra မော်ဒယ်ဟာ သတ္တုနဲ့ မှန်ညှပ်ဒီဇိုင်း သုံးထားပြီး Standard နဲ့ Plus မော်ဒယ်တွေကတော့ Galaxy Note 20 လိုမျိုး ပလတ်စတစ်နဲ့ သတ္တုစပ်နဲ့ ထွက်လာမှာပါ။ ဈေးအကြီးဆုံး Ultra မော်ဒယ်ဟာ Curved WQHD+ LTPO AMOLED display နဲ့ လာပြီး 120Hz Adaptive refresh rate ပါရှိမှာပါဖြစ်သလို S Pen stylus ပံ့ပိုးမှုလည်း ပါဖို့ ရှိပါတယ်။ 

Photo: GSMArena


တခြားမော်ဒယ်နှစ်ကတော့ flat FHD+ LTPS AMOLED display နဲ့ လာပြီး ပုံမှန် 120Hz refresh rate ပဲ သုံးသွားမှာပါ။ ဖုန်းသုံးမျိုးစလုံးဟာ Snapdragon 888/ Exynos 2100 chipset နဲ့ လာပြီး Android 11 အခြေခံ OneUI 3.1 နဲ့ ထွက်လာမှာပါ။ Ultra မော်ဒယ်မှာ ထူးခြားချက်အနေနဲ့ WiFi 6E ပါရှိမှာပါ။ 

ကာလာအနေနဲ့ Galaxy S21 ဟာ Phantom Violet, Phantom Pink, Phantom Gray, Phantom White သုံးရောင်နဲ့ လာပြီး Plus မော်ဒယ်ဟာ Phantom Silver, Phantom Black, Phantom Violet သုံးရောင်နဲ့ ထွက်လာဖို့ ရှိပါတယ်။ Ultra မော်ဒယ်ကတော့ Phantom Silver, Phantom Black နှစ်ရောင်နဲ့ လာမယ်လို့ ဆိုပါတယ်။

သတင်းကောင်းကတော့ Galaxy S21 စီးရီးဖုန်းသစ်တွေဟာ သူ့အရင်ထွက်ထားတဲ့ Galaxy S20 စီးရီးထက် ဈေးသက်သာမယ်ဆိုတာပဲ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က