အရောင်းလိုက်နေတဲ့ Redmi ဖုန်းသစ်တွေပါ

ပြီးခဲ့တဲ့လက တရုတ်ဈေးကွက်ထဲ ဝင်ခဲ့တဲ့ Redmi Note 9 ဖုန်းသစ် သုံးမျိုးဟာ ဈေးကွက်မှာ အောင်မြင်မှုရနေတယ်လို့ ဆိုပါတယ်။

Xiaomi ရဲ့ Sub-brand တစ်ခုဖြစ်တဲ့ Redmi ကနေ Redmi Note 9 4G ၊ Redmi Note 9 5G နဲ့ Redmi Note 9 Pro 5G ဆိုပြီး ဖုန်းသစ် သုံးမျိုး မိတ်ဆက်ခဲ့တာပါ။ တရုတ်ဈေးကွက်မှာ ဖြန့်ချိပြီး ၁၃ ရက်အတွင်း ဒီဖုန်းသုံးမျိုးရဲ့ ရောင်းအားဟာ အလုံးရေ ၁ သန်းကျော်သွားခဲ့တယ်လို့ GSMArena သတင်းက ဆိုပါတယ်။



Photo: GSMArena

Redmi Note စီးရီးဟာ တန်ဖိုးနည်း သုံးပျော်တဲ့ ဖုန်းစီးရီး ဖြစ်ပြီး လူကြိုက်များနေတဲ့ brand လည်း ဖြစ်ပါတယ်။ Redmi Note 9 Pro 5G ဟာ 5G ရတဲ့အပြင် 120Hz display ၊108MP main camera sensor လိုမျိုး high-end features တွေပါ ထည့်ပေးထားတဲ့ ဖုန်းဖြစ်ပါတယ်။ဈေးနှုန်းအနေနဲ့ ယွမ် ၁၆၀၀ (မြန်မာငွေ ၃ သိန်း ၂ သောင်းခွဲကျော်) ကနေ စတင်ရောင်းချတာပါ။

Redmi Note 9 စီးရီးကို စပြီး မိတ်ဆက်တဲ့ နာရီပိုင်းအတွင်းမှာ အလုံးရေ ၃ သိန်းကျော်ရောင်းချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ တရုတ်ဈေးကွက်မှာပဲ ဝင်ထားတဲ့ ရောင်းအားပမာဏဖြစ်ပါတယ်။ တရုတ်နိုင်ငံပြင်ပ ဈေးကွက်မှာ ဝင်မယ့်ရက်တော့ မသိရသေးပါဘူး။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က