entry-level iPad သစ် လာဖို့ရှိ
Nyein Min Wai

Apple ကတော့ ၂၀၂၁ ခုနှစ်မှာ ဈေးပိုသက်သာတဲ့ iPad သစ် မိတ်ဆက်သွားဖို့ ရှိပါတယ်။


ဒီနှစ်ထဲမှာ ထွက်ခဲ့တဲ့ iPad သစ်တွေထဲမှာ ဈေးအနည်းဆုံးမော်ဒယ်ဟာ 8th gen iPad (2020) ဖြစ်ပါတယ်။ ၃၂၉ ဒေါ်လာဈေးကနေ စတင်ရောင်းချသွားတဲ့ 8th Gen iPad သစ်ဟာ ၁၀.၂ လက်မ Retina display ၊ Apple A12 Bionic chipset နဲ့ လာတာ ဖြစ်ပါတယ်။ ဒီ entry-level iPad ဟာ Home Button ပါ အရင်ဒီဇိုင်းဟောင်းနဲ့ပဲ လာပြီး Apple Pencil ၊ Keyboard တို့နဲ့ တွဲသုံးနိုင်တဲ့ ထုတ်ကုန်အဖြစ် မိတ်ဆက်ခဲ့တာပါ။


Photo: Gizmochina

နောက်နှစ်မှာ မြင်ရမယ့် iPad သစ်ကတော့ ပိုကြီးတဲ့ display ၊ ပိုအားကောင်းတဲ့ Chipset နဲ့ ပိုပြီး အဖိုးသက်သာတဲ့ ဈေးနှုန်းထားနဲ့ ထွက်လာမယ်လို့ Leaker တစ်ဦးဖြစ်တဲ့ Tron (@cozyplanes) က Twitter မှာ ဆိုပါတယ်။ 2021 iPad သစ်ဟာ ၁၀.၅ လက်မ Retina display နဲ့ လာပြီး Touch ID ပါ Home Button နဲ့ပဲ ထုတ်သွားမယ်လို့ ဆိုပါတယ်။ ဒီဇိုင်းပိုင်းမှာ လက်ရှိ 8th Gen နဲ့ ကွာခြားမှု ရှိမှာ မဟုတ်ပါဘူး။

၂၀၂၁ မော်ဒယ် iPad ဟာ ပိုပါးလွှာပြီး ပိုပေါ့သွာမယ်လို့လည်း သူက ခန့်မှန်းပါတယ်။ iPhone 11 စီးရီးမှာ ပါတဲ့ A13 Bionic chipset သုံးထားပြီး RAM 4GB ပါရှိမယ်လို့လည်း ဆိုပါတယ်။ ၂၀၂၀ မော်ဒယ်မှာ RAM 3GB နဲ့ လာပြီး 32GB နဲ့ 128GB နှစ်မျိုးနဲ့ ဝယ်ယူနိုင်အောင် ထုတ်ထားတာပါ။ Apple Pencil ၊ Apple Smart Keyboard ၊ Xbox ၊ PS4 နဲ့ PS% Controllers တွေကိုလည်း support ပေးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

LTE ဗားရှင်းလည်း ထွက်ဖို့ ရှိပြီး လာမယ့် ၂၀၂၁ နှစ်ဆန်းပိုင်းမှာ မိတ်ဆက်သွားမယ်လို့ ခန့်မှန်းထားပါတယ်။ iPad သစ်ကို ဈေးချိုချိုနဲ့ ဝယ်ဖို့ စဉ်းစားထားသူတွေ စောင့်ကြည့်သင့်တဲ့ ထုတ်ကုန်တစ်ခုပါပဲ။


ဆက်စပ်အကြောင်းအရာများ


Author

  • Nyein Min Wai

    Content Writer (Duwun Tech)


က္က