Foldable Concept အလန်းကြီးတွေ

OPPO ဖုန်းကုမ္ပဏီဟာ ဂျပန်ဒီဇိုင်းစတူဒီယိုတစ်ခုဖြစ်တဲ့ Nendo နဲ့ ပူးပေါင်းပြီး ပတ္တာသုံးဆင့်ပါ Concept Slide-Phone သစ်တစ်မျိုးကို ထုတ်ဖော်ပြသခဲ့ပါတယ်။

အရွယ်အစား ၇ မျိုးအထိ ပြောင်းနိုင်မယ့် Triple-Hinge (ပတ္တာသုံးဆင့်) ခေါက်သိမ်းနိုင်ဖုန်းဒီဇိုင်းကို Concept အနေနဲ့ မိတ်ဆက်ခဲ့တာပါ။ နမူနာဖုန်းမော်ဒယ်ကိုလည်း OPPO Slide-Phone လို့ပဲ ပေးထားပြီး ဒီဇိုင်းအနေနဲ့ပဲ ချပြလိုက်တာ ဖြစ်ပါတယ်။ အရင်ကလည်း OPPO ဟာ Foldable ဖုန်းနမူနာ ဒီဇိုင်းတွေ ချပြနေတဲ့ ကုမ္ပဏီပါ။



Photo: mysmartprice


OPPO X 2021 Rollable Phone ဆိုရင် နာမည်အတိုင်း display ကို ဘေးဘက် ဆွဲထုတ်နိုင်မယ့် ခလုတ်တပ်ဆင်ထားတဲ့ ဒီဇိုင်းနဲ့ ထုတ်ခဲ့တာ ဖြစ်ပါတယ်။ OPPO X 2021 Rollable Phone မှာဆို ကုမ္ပဏီရဲ့ မူပိုင်နည်းပညာသုံးခုဖြစ်တဲ့ Roll Motor powertrain စနစ် ၊ 2-in-1 Plate နဲ့ ဘေးကို ဆွဲထုတ်နိုင်မယ့် Warp Track high-strength screen တို့ ပါရှိပါတယ်။

OPPO Slid-Phone မှာတော့ ပိုပြီး ထူးခြားတဲ့ ဒီဇိုင်းသုံးထားပါတယ်။ အပေါ်အောက် အဆင့်ဆင့် ခေါက်နိုင် ဖြန့်နိုင်မယ့် ဒီဇိုင်းဖြစ်ပြီး အပြည့်ဖြန့်ထားချိန်မှာ ရှည်သွယ်သွယ်အနေအထားနဲ့ ၇ လက်မဆိုဒ် ပါရှိမှာ ဖြစ်ပါတယ်။ ဖုန်းကို ထက်ဝက်ချိုး ခေါက်သွားနိုင်ခြင်းနဲ့ လိုသလို Compact ဖြစ်အောင် ဒီဇိုင်းထုတ်နိုင်ခြင်းက ဆွဲဆောင်မှုရှိပါတယ်။

Photo: mysmartprice


အပေါ်ဆုံး တစ်ဆင့် Slide up လုပ်ချိန်မှာ 44mm (၁လက်မခွဲကျော်) screen တစ်ခု တွေ့ရမှာ ဖြစ်ပြီး ဖုန်းခေါ်ဆိုမှုမှတ်တမ်း ၊ အသိပေးချက်နဲ့ Music Player Interface တို့ကို ပြသွားမှာပါ။ ဒုတိယ Slide မှာ screen ရဲ့ 80mm ဆိုဒ်ကို ပြပြီး Selfie ဆွဲခြင်းနဲ့ ဂိမ်းကစားဖို့ သုံးနိုင်မယ်လို့ ဆိုပါတယ်။ ဖုန်းကို လုံးဝအပြည့်ဖွင့်လိုက်ချိန်မှာ သေးသွယ်ရှည်လျားတဲ့ ၇ လက်မ screen တစ်ခု ဖြစ်လာမှာပါ။ 

ဖုန်းကို တစ်ချို့တဝက် ကွေးညွှတ်လို့ရအောင်လည်း ဒီဇိုင်းထုတ်ထားတယ်လို့ ကုမ္ပဏီက ဆိုပါတယ်။ Concept ဖုန်းပဲ ဖြစ်လို့ On Paper အဆင့်ပဲ ရှိသေးတာ ဖြစ်ပြီး ဈေးကွက်မှာ အမြည်းရှေ့ပြေးထုတ်ကုန်အဖြစ်ပဲ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က