ဂျာမန်ကင်မရာနည်းပညာကို Vivo ဖုန်းတွေမှာ မြင်ရတော့မှာပါ

နာမည်ကျော် ဂျာမန်ကင်မရာ Lens ကုမ္ပဏီ Carl Zeiss နဲ့ တရုတ်စမတ်ဖုန်းကုမ္ပဏီ Vivo တို့ စမတ်ဖုန်းကင်မရာနည်းပညာပိုင်းအတွက် လက်တွဲလိုက်ပြီလို့ ဆိုပါတယ်။

ဒီဇင်ဘာ ၁၄ ရက်နေ့မှာ Vivo က ကုမ္ပဏီရဲ့ တရားဝင် Weibo အကောင့်ကနေ ဒီသတင်းကို ကြေညာလိုက်တာ ဖြစ်ပါတယ်။ Carl Zeiss နဲ့ ပူးပေါင်းလိုက်ကြောင်း သတင်းစကားအပြင် ကင်မရာ lens module အောက်မှာ Zeiss branding ပါ Vivo ထုတ်ကုန်တစ်မျိုးရဲ့ နမူနာပိုစတာတစ်ခုပါ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ 



Photo: onlinepeeps


Zeiss နဲ့ ပူးပေါင်းမှုကြောင့် နောက်ပိုင်းထွက်လာမယ့် Vivo ဖုန်းတွေရဲ့ ကင်မရာတွေဟာ Zeiss ရဲ့ lens နည်းပညာနဲ့ လာတော့မှာ ဖြစ်ပါတယ်။ တရုတ်စမတ်ဖုန်းကုမ္ပဏီတွေဟာ နာမည်ကြီး lens ကုမ္ပဏီတွေနဲ့ Partnership အဖြစ် လက်တွဲလေ့ရှိကြပြီး ဒီလို ပူးပေါင်းမှုကြောင့်လည်း တချို့ ဖုန်းအမှတ်တံဆိပ်တွေဟာ အကြီးအကျယ်အောင်မြင်သွားတာတွေ ရှိပါတယ်။

၂၀၁၆ ကစပြီး Huawei P9 ဖုန်းတွေမှာ Leica ကင်မရာနည်းပညာသုံးလာပြီးနောက်ပိုင်း အောင်မြင်မှုရလာတာကို ပြန်ကြည့်နိုင်ပါတယ်။ Huawei နဲ့ Leica လိုပဲ Nokia ဖုန်းကုမ္ပဏီလည်း Zeiss နဲ့ ပူးပေါင်းဖူးပါတယ်။ ကင်မရာစွမ်းဆောင်ရည်အနေနဲ့ Zeiss ဟာ လေးစားလောက်ပေမယ့် Nokia နဲ့ ပူးပေါင်းမှုမှာ သိပ်ပြီး နာမည်မထွက်ခဲ့ပါဘူး။

Photo: Gizchina

Vivo ကတော့ တရှိန်ထိုးတက်လာနေတဲ့ စမတ်ဖုန်း Brand တစ်ခုလည်းဖြစ်သလို စမတ်ဖုန်းနည်းပညာပိုင်းမှာ အသစ်အသစ်တွေ ယူဆောင်လာနေတာကြောင့် Zeiss နဲ့ ပူးပေါင်းမှုဟာ စိတ်လှုပ်ရှားစရာဖြစ်လာနေပါတယ်။ သတင်းတွေအရ Zeiss ကင်မရာနည်းပညာ ပထမဆုံး သုံးလာတဲ့ Vivo ဖုန်းဟာ Vivo X60 series ဖြစ်မယ်လို့ ဆိုပါတယ်။

Vivo X60 Pro ဟာ Samsung ရဲ့ အသစ်စက်စက် 5nm chipset ဖြစ်တဲ့ Exynos 1080 သစ်နဲ့ ပထမဆုံး ထွက်လာမယ့် ဖုန်းဖြစ်သလို ဂျာမန်ကင်မရာနည်းပညာ Zeiss brand နဲ့ မြင်ရဖို့ ရှိပါတယ်။ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ Vivo X60 series နဲ့အတူ သတင်းသစ်တွေ နားစွင့်ရမှာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က