Leica brand နဲ့ OnePlus 9 ဖုန်းတွေ မြင်ရမလား

OnePlus ဟာ ကမ္ဘာကျော် ဂျာမန်ကင်မရာနည်းပညာကုမ္ပဏီ Leica နဲ့ Partnership လုပ်သွားမယ်လို့ သတင်းတွေ ထွက်နေပါတယ်။ 

ဒီတစ်ပတ်ထဲမှာပဲ Vivo ဟာ စမတ်ဖုန်းကင်မရာနည်းပညာ အဆင့်မြှင့်ဖို့အတွက် Carl ZEISS နဲ့ ပူးပေါင်းခဲ့ပြီး Vivo ZEISS Imaging Lab သုတေသနနဲ့ ဖွံ့ဖြိုးရေးအစီအစဉ်ကနေ မိုဘိုင်းဓါတ်ပုံနည်းပညာအတွက် ဆန်းသစ်တီထွင်မှုတွေ ဦးစားပေးလုပ်ဆောင်သွားမယ်လို့ ကြေညာခဲ့ပါတယ်။ ZEISS ကင်မရာနည်းပညာပါတဲ့ ပထမဆုံး Vivo ဖုန်း X60 series ကို ဒီဇင်ဘာ ၂၉ ရက်နေ့မှာ မိတ်ဆက်သွားဖို့လည်း ပြင်နေပါတယ်။



Photo: Gizmochina

OnePlus ကလည်း ကုမ္ပဏီထွက် flagship ဖုန်းတွေမှာ ထိပ်တန်းအဆင့်ကင်မရာနည်းပညာ သုံးနိုင်ဖို့ Leica နဲ့ ပူးပေါင်းသွားဖို့ ရှိတယ်လို့ Leaker တစ်ဦးဖြစ်တဲ့ Teme ဆိုသူက Twitter မှာ ရေးခဲ့ပါတယ်။ OnePlus နဲ့ Leica တို့ ပူးပေါင်းထားတဲ့ စမတ်ဖုန်းကင်မရာနည်းပညာကို OnePlus 9 series မှာ သုံးသွားဖို့ ရှိတယ်လို့လည်း သူက ဆိုပါတယ်။

Leica ဟာ Huawei နဲ့ စမတ်ဖုန်းနည်းပညာပိုင်းအတွက် ပူးပေါင်းထားတဲ့ မိတ်ဖက်ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ ၂၀၁၆ ထွက် Huawei P9 ဖုန်းတွေမှာ Leica ကင်မရာစနစ် သုံးလာပြီးနောက် Huawei P series ဖုန်းသစ်တွေဟာ ကင်မရာစွမ်းဆောင်ရည်အမြင့်ဆုံးဖုန်းတွေ ဖြစ်လာခဲ့ပါတယ်။ နာမည်ကြီး DxOMark စမတ်ဖုန်းကင်မရာ Ranking အဆင့်မှာ Huawei Mate 40 Pro ဟာ ထိပ်ဆုံးက ရပ်တည်နေတာကို ကြည့်နိုင်ပါတယ်။

Photo: Cashify

တကယ်လို့ OnePlus ဟာ ကင်မရာအတွက် Leica နဲ့ လက်တွဲလုပ်ဆောင်သွားမယ်ဆိုရင် မျိုးဆက်သစ် OnePlus flagship ဖုန်းတွေရဲ့ ကင်မရာစွမ်းဆောင်ရည်ဟာ လက်မထောင်နိုင်တဲ့အဆင့် ရောက်လာဖို့ ရှိပါတယ်။ OnePlus 8 series အနေနဲ့ OnePlus 9 ၊ OnePlus 9E နဲ့ OnePlus 9 Pro တို့ ပါလာဖို့ ရှိပါတယ်။

OnePlus 9 series ဟာ Leica ကင်မရာနည်းပညာနဲ့ လာမလား။ ဆက်ပြီး စောင့်ကြည့်ရဦးမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က