Xiaomi Mi 11 မိတ်ဆက်မှုမလုပ်ခင် pre-order ဖွင့်လိုက်တာပါ

ဇန်နဝါရီ ၁၄ ရက် တရားဝင်မိတ်ဆက်ဖြန့်ချိမယ့် Galaxy S21 စီးရီးမော်ဒယ်တွေကို ဒီဇင်ဘာ ၁၈ ရက်က စပြီး တရုတ်မှာ pre-order မှာနိုင်ပြီလို့ ဆိုပါတယ်။

Samsung China ရဲ့ တရားဝင် ဝက်ဘ်ဆိုက်ကနေ Galaxy S21 စီးရီး pre-orders တွေ လက်ခံနေတာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၉ ရက် Xiaomi Mi 11 series ကို မိတ်ဆက်မှု မလုပ်ခင် Samsung က နောက်ထွက်လာမယ့် Flagship ဖုန်းအတွက် pre-order ဖွင့်လိုက်တာလည်း ဖြစ်ပါတယ်။ 



Photo: myfixguide


Galaxy S21 စီးရီး အတွက် preorder မှာမယ်ဆိုရင် Samsung Member Club WeChat service အကောင့်က ဖြစ်စေ Samsung Store ထဲမှာ ပါတဲ့ QR Code ကို scan ဖတ်ပြီး ဖြစ်စေ ယွမ် ၁၀၀ ပေးပြီး အော်ဒါမှာယူနိုင်မယ်လို့ MyFixGuide က ဆိုပါတယ်။ Samsung ဟာ ဖောက်သည်တွေအတွက် discounts အစီအစဉ်တွေနဲ့ Lucky Draw အစီအစဉ်မှာလည်း ပါဝင်နိုင်မှာပါ။

pre-order မှာသူ ၂၁ ဦးဟာ Galaxy S21 series ဖုန်းတစ်လုံးစီ Free ရမယ့် Lucky Draw အစီအစဉ်လည်း ရှိပါတယ်။ reserve လုပ်ထားတဲ့ ဝယ်သူတွေအနေနဲ့ ကိုယ်ဝယ်ထားတဲ့ မော်ဒယ်ပေါ်လိုက်ပြီး ပုံမှန်ဈေးထက် ၁၀% ပိုပေးတာနဲ့ အထူးဝယ်ယူမှုအခွင့်အရေးတွေလည်း ပါရှိမှာ ဖြစ်ပါတယ်။ တရုတ်အပါအဝင် ကမ္ဘာ့ဈေးကွက်အများအပြားကိုတော့ Galaxy S21 စီးရီးကို ဇန်နဝါရီလကုန်မှာ ရောက်ရှိဖို့ ရှိပါတယ်။

Photo: Droid News

Galaxy S21 စီးရီးဟာ Snapdragon 888 chipset နဲ့ လာမှာပါ။ ကမ္ဘာပေါ်မှာ ပထမဆုံး Snapdragon 888 Chipset သုံး flagship ဖုန်းအနေနဲ့ မြင်ရမယ့်ဖုန်းကတော့ Xiaomi ဖြစ်ဖို့ သေချာသလောက် ရှိပါတယ်။ Galaxy S21 စီးရီးဟာ Snapdragon 888 SoC နဲ့ Exynos 2100 SoC ဆိုပြီး ဗားရှင်းနှစ်မျိုးနဲ့ လာမှာပါ။

အမေရိကန်နဲ့ တောင်ကိုရီးယားမှာ Galaxy S21 မော်ဒယ်တွေကို Snapdragon 888 SoC မော်ဒယ်နဲ့ လာမှာ ဖြစ်ပြီး Exynos 2100 မော်ဒယ်တွေကို အိန္ဒိယနဲ့ ဥရောပဈေးကွက်တွေမှာ ဖြန့်ချိသွားမှာပါ။ Galaxy S21 နဲ့ ပတ်သက်တဲ့ သတင်းကောင်းတစ်ခုက ဒီဖုန်းတွေဟာ Galaxy S20 စီးရီးထက် ဈေးပိုသက်သာမယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က