OnePlus ရဲ့ ဒုတိယမြောက် Concept ဖုန်းပါ

OnePlus 8T ကို အခြေခံပြီး လှုပ်ရှားမှုခြေရာခံ ရေဒါ Module တစ်ခုနဲ့အတူ ကာလာပြောင်းနိုင်တဲ့ ကျောဘက် panel ပါ Concept ဖုန်းတစ်လုံးကို OnePlus က မိတ်ဆက်ပြသခဲ့ပါတယ်။

OnePlus 8T Concept ဖုန်းဟာ ဒီဇိုင်းအားဖြင့် အရင်နှစ်လလောက်က ထွက်ခဲ့တဲ့ OnePlus 8T အတိုင်းပဲ ဖြစ်ပြီး ကျောဘက်မှာ ထူးခြားတဲ့ Color Changing လုပ်ဆောင်ချက်ပါလာပါတယ်။ ဖုန်းသုံးလိုက်တဲ့ ဗို့အားပေါ် လိုက်ပြီး ကာလာပြောင်းနိုင်တဲ့ Metal Oxide film တစ်ခုကို ဖုန်းကျောဘက်မှန်အောက်မှာ ထည့်ထားတာပါ။ noti တစ်ခုတက်လာချိန်မှာ ငွေရောင်ကနေ နက်ပြာရင့်နဲ့ အနက်ကို ပြောင်းသွားတာ ဖြစ်ပါတယ်။



Photo: androidauthority


ဖုန်းမှာ noti နဲ့ incoming call ဝင်လာတာလိုမျိုးမှာ ကျောဘက်ကာလာ pattern ပြောင်းလာတာပါ။ ကျောဘက် panel တစ်ခုလုံးမှာ သုံးတဲ့နည်းပညာကို OnePlus က "Electronic Color ၊ Material , Finish"(ECMF) လို့ ခေါ်ထားပါတယ်။ OnePlus ကတော့ ဒီဇိုင်းစိတ်ကူးကို တူရကီနိုင်ငံ Pamukkale မှာ ရှိတဲ့ ရေပူစမ်းတွေကနေ ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

OnePlus 8T Concept ဖုန်းမှာ နောက်ထပ် ထူးခြားတာတစ်ခုက ရေဒါစနစ် ဖြစ်ပါတယ်။ ကျောဘက်ကင်မရာအိမ်ထဲမှာ တပ်ဆင်ထားတဲ့ ဒီ module ဟာ ပတ်ပတ်လည်ကို သံလိုက်လျှပ်စစ်လှိုင်းတွေနဲ့ ပဲ့တင်ရိုက်နိုင်မယ့် mmWave Radar နည်းပညာ သုံးထားတာပါ။ ဒီနည်းပညာက ဖုန်းရဲ့ဘေးနားက အရာဝတ္ထုတွေကို ရယူတာ ၊ ပုံရိုက်တာ ၊ တည်နေရာရှာပြီး ခြေရာခံတာမျိုး လုပ်နိုင်မှာ ဖြစ်ပါတယ်။




လှုပ်ရှားမှု ခြေရာခံနိုင်စွမ်းနည်းပညာသုံးပြီး gesture နဲ့ ဖုန်းဖြေဆိုတာ ၊ သုံးစွဲသူရဲ့ ရင်ဘတ်လှုပ်ရှားမှုကို ရေဒါနဲ့ ခြေရာခံပြီး အသက်ရှုမှုပုံစံကို တွက်ချက်တာမျိုး အဆင့်မြင့်လုပ်ဆောင်ချက်တွေလည်း လုပ်နိုင်မှာပါ။ ဒီ Concept ဖုန်းကို ကို အရင် 2020 CES ပွဲမှာ ပြသသွားတဲ့ OncePlus Concept One ကို ဖန်တီးခဲ့တဲ့ OnePlus Gaudi အဖွဲ့ကပဲ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

OnePlus Gaudi အဖွဲ့မှာ အိန္ဒိယ ၊ ရှန်းကျန့် ၊ တိုင်ပေ နဲ့ နယူး‌ယော့ခ်မှ ဒီဇိုင်နာ ၃၉ ဦးပါဝင်တာ ဖြစ်ပါတယ်။ Concept One လိုပဲ ဒီဖုန်းကလည်း ဈေးကွက်ဝင်ရောင်းချမယ့် ဖုန်းဖြစ်လာမှာ မဟုတ်ပါဘူး။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က