Huawei ရဲ့ အကောင်းဆုံး ကင်မရာစွမ်းဆောင်ရည်တွေ သုံးထားပါတယ်
Nyein Min Wai

Huawei ရဲ့ အဆင့်မြင့်စမတ်ဖုန်းသစ်တွေကတော့ DxOMark မှာ ထိပ်ဆုံးက ရပ်တည်နေဆဲပါပဲ။

Huawei flagship ဖုန်းတွေဟာ ကင်မရာအ‌ကောင်းဆုံးဖုန်းတွေအဖြစ် နာမည်ကျော်ပါတယ်။ Huawei ရဲ့ နောက်ဆုံးထွက် အဆင့်မြင့်ဆုံးစမတ်ဖုန်းမော်ဒယ်တစ်ခုဖြစ်တဲ့ Huawei Mate 40 Pro+ ဟာ DxOMark ကင်မရာရမှတ်အနေနဲ့ ၁၃၉ မှတ်ရထားပါတယ်။ ဒါဟာ DxO Camera ဌာနအတွက် စံချိန်သစ်တစ်ခု ဖြစ်တယ်လို့ Gizmochina က ဆိုပါတယ်။



Photo: gizmochina

DxOMark ရဲ့ Photo ပိုင်းစမ်းသပ်ချက်မှာ Huawei Mate 40 Pro + ကို ၁၄၄ မှတ်အထိ ပေးထားပါတယ်။ ဒါဟာ Still ရုပ်ငြိမ်ဓါတ်ပုံရိုက်ချက်တွေမှာ အမြင့်ဆုံးအမှတ်ဖြစ်တယ်လို့ ဆိုပါတယ်။ Huawei Mate 40 Pro + ရဲ့ Zoom စွမ်းဆောင်ရည်မှာတော့ Xiaomi Mi 10 Ultra ထက် ၃ မှတ်လျော့ပြီး ၉၈ မှတ်ပေးထားပါတယ်။ 

ဗွီဒီယိုပိုင်းမှာ Huawei Mate 40 Pro + ဟာ ၁၁၆ မှတ်ရ Huawei Mate 40 Pro ထက် ၁ မှတ်လျော့ပါတယ်။ DxO Mark ရဲ့ ကင်မရာအကောင်းဆုံးဖုန်း ၅ လုံးမှာ Huawei ဖုန်း ၃ လုံး ပါရှိပါတယ်။ Huawei Mate 40 Pro + ဟာ ရုပ်ငြိမ်ဓါတ်ပုံနဲ့ဗွီဒီယိုတွေကို တိကျတဲ့ Exposure အလင်းအမှောင်နဲ့ Wide dynamic Range နဲ့ ဖမ်းယူနိုင်ပါတယ်။ Telephoto နဲ့ 14mm FOV ultrawide lens တွေအပြင် ပုံတွေကို တုန်ခြင်း ၊ ဝါးခြင်းမရှိအောင် ကူညီပေးမယ့် OIS ရုပ်ငြိမ်စနစ်တွေလည်း ထည့်ထားတာပါ။ 

Huawei Mate 40 Pro + ဟာ 50MP f/1.9 primary lens ၊ 20MP f/2.4 ultra-wide ၊ 12MP f/2.4 Telephoto ၊ 8MP f/2.4 Telephoto ၊ 3D ToF sensor နဲ့ Color Temperature Sensor စနစ်များ သုံးထားပါတယ်။ ဗွီဒီယိုပိုင်းမှာ 4K video တွေကို 60fps နှုန်းနဲ့ ရိုက်ကူးနိုင်မှာ ဖြစ်သလို Primary lens နဲ့ Tele တို့မှာ OIS ၊ EIS features များလည်း ထည့်သွင်းထားပါတယ်။ 


Photo: World Today News

ကင်မရာအားနည်းချက်အနေနဲ့ Depth of Field မျိုးမှာ သိပ်မထိရောက်သလို close-range ရိုက်ချက်တွေမှာ focus မပြတ်တာမျိုးလေးတွေလည်း ရံဖန်ရံခါတွေ့ရတယ်လို့ ဆိုပါတယ်။ အလင်းအားနည်းချိန် low-light မှာ video frames တွေအကြား ပုံရိပ်ပြတ်သားမှုမတူတာမျိုးလည်း ဖြစ်တယ်လို့ DxOMark က မှတ်ချက်ပေးထားပါတယ်။

ကင်မရာစွမ်းရည်တစ်ခုလုံးအနေနဲ့ဆိုရင် ဒီဖုန်းဟာ King of Camera ဆိုတဲ့ DxOMark က ပေးတဲ့ ဘွဲ့ထူးကို ရထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author

  • Nyein Min Wai

    Content Writer (Duwun Tech)


က္က