ဒေါ်လာ ၆၀၀၀ နဲ့ Prototype မော်ဒယ်ကို ဝယ်သွားတာပါ

eBay သုံးစွဲသူတစ်ဦးဟာ OnePlus 9 ရှေ့ပြေးနမူနာပုံစံဖုန်းတစ်လုံးကို ဒေါ်လာ ၆၀၀၀ ဈေးနဲ့ လေလံတင်ရောင်းချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

Android Police သတင်းအရ Shamete1 ဆိုတဲ့ eBay သုံးစွဲသူတစ်ဦးဟာ OnePlus 9 Prototype ဖုန်းတစ်လုံးကို လေလံတင်ရောင်းချနိုင်ခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ eBay ပေါ် လေလံတင်ခဲ့တဲ့ OnePlus 9 ရှေ့ပြေးနမူနာပုံစံ ကျောဘက်မှာ OnePlus logo မပါဘဲ ကင်မရာအိမ်ကလည်း ခပ်ကြီးကြီးနဲ့ လာပါတယ်။



Photo: Android Police

ကင်မရာအိမ်ထဲမှာ lens သုံးခုပါရှိပြီး Ultra Shot တံဆိပ် ပါရှိပါတယ်။ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရဆိုရင် ဒီဖုန်းဟာ 48MP main sensor ၊ Ultrawide ကင်မရာနဲ့ နောက် ကင်မရာတစ်လုံး ပါမယ်လို့ ဆိုပါတယ်။ eBay ပေါ် တက်လာတဲ့ ပုံတွေအရ OnePlus 9 Prototype ဟာ ရှေ့ဘက် punch-hole ကင်မရာပေါက် ပါရှိမှာပါ။ 

Android Police သတင်းပုံအရ ဒီဖုန်းဟာ Android 11 အခြေခံ Oxygen OS နဲ့ လာမယ်လို့ ဆိုပါတယ်။ eBay ပေါ်မှာ ဒီဖုန်းအကြောင်း ပုံတွေ ပြန်ဖျက်ထားပြီ ဖြစ်ပါတယ်။ တကယ်လို့ ဒီဖုန်းက OnePlus 9 Prototype ဖုန်းမှန်တယ်ဆိုရင်တော့ အခုလို ဝယ်ခြင်းဟာ အတော်လေး စွန့်စားတာပဲ ဖြစ်ပါတယ်။

Photo; androidcentral


Prototype မော်ဒယ်ဖြစ်လို့ စိတ်ကြိုက် အကုန်လုပ်လို့ ရပေမယ့် ဖုန်းကို အဝေးကနေ Disable လုပ်လို့ ရသလို ဥပဒေနဲ့လည်း ငြိစွန်းမှု ရှိနိုင်လို့ ဖြစ်ပါတယ်။ OnePlus 9 ဖုန်းသစ်ဟာ Snapdragon 888 SoC သစ်နဲ့ ထွက်လာမယ့် High-end ဖုန်း ဖြစ်ပြီး memory configuration အနေနဲ့ 8GB/128GB ကနေ စတင် သုံးလာဖို့ ရှိပါတယ်။ 

သတင်းတွေအရ OnePlus 9 ဖုန်းသစ်တွေကို အရင် OnePlus 8 series ထက် တစ်လစောပြီး မိတ်ဆက်သွားမယ်လို့လည်း ဖော်ပြနေကြပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က