Google Camera 8.1 update သစ်မှာ ဖယ်ရှားလိုက်တာပါ
Nyein Min Wai

Pixel 5 နဲ့ 4a 5G သုံးစွဲသူတွေဟာ ကြယ်တွေကို ဓါတ်ပုံရိုက်ဖို့ သူတို့ရဲ့ Ultrawide ကင်မရာကို သုံးနိုင်တော့မှာ မဟုတ်ပါဘူး။

Google Camera 8.1 update သစ်ဟာ Ultrawide lens မှာ ပါတဲ့ Astrophotography ရိုက်ကူးမှုစနစ်ကို ဖယ်ရှားလိုက်တယ်လို့ The Verge သတင်းက ဆိုပါတယ်။ နိုဝင်ဘာမှာ ထွက်ခဲ့တဲ့ ကင်မရာ app update မှာ Ultrawide lens အတွက် Astrophotography option ကို ဖယ်ရှားလိုက်တာ ဖြစ်ပါတယ်။ 



Photo: jhalak


Google Pixel 5 နဲ့ Pixel 4a 5G တို့မှာ ပါခဲ့တဲ့ Ultrawide ကင်မရာသစ်ဟာ Astrophotography ရိုက်ကူးမှုကို မြင်ကွင်းကျယ်ဖမ်းယူနိုင်တဲ့စနစ် ထည့်သွင်းခဲ့တာ ဖြစ်ပြီး သုံးစွဲသူတွေ စိတ်ဝင်စားမှု မြင့်မားခဲ့တဲ့ Feature တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း Ultrawide နဲ့ အာကာသဓါတ်ပုံရိုက်ကူးမှု လုပ်ချိန်မှာ ရုပ်ထွက်မရှင်းဘဲ Noise ထတာမျိုးတွေ ကြုံခဲ့ကြပါတယ်။

Astrophotography featureနဲ့ ညကောင်းကင်မြင်ကွင်းကို လက်ငြိမ်ငြိမ်ထားပြီး ရိုက်ကူးရမှာပါ။ လက်နဲ့ငြိမ်အောင် မထားရင်လည်း Tripod တစ်ခုခုပေါ် တင်ပြီး ရိုက်နိုင်ပါတယ်။ ဒီ Feature ကို ဖုန်းရဲ့ တခြားကင်မရာတွေမှာ သုံးနိုင်ဦးမယ်လို့ ဆိုပါတယ်။ တစ်ခုရှိတာက Night Sight Mode ကို သွားပြီး Ultrawide ကင်မရာပြောင်းမယ်ဆိုရင် Astrophotography အတွက် 1x နဲ့ အဲ့ထက်မပိုတဲ့ Zoom settings တွေမှာပဲ အလုပ်လုပ်မယ်ဆိုတဲ့ စာတက်လာပါတယ်။

Update မတင်ခင် အရင်က ဒီနေရာမှာ Astrophotography On ဆိုတဲ့ စာလေး ပြနေတာ ဖြစ်ပါတယ်။ Google အနေနဲ့ ဘာကြောင့် အခုလို Astrophotography စနစ်ကို ဖယ်ရှားလိုက်သလဲဆိုတာကိုတော့ တုံ့ပြန်ပြောဆိုခြင်း မရှိပါဘူး။ 


ဆက်စပ်အကြောင်းအရာများ


Author

  • Nyein Min Wai

    Content Writer (Duwun Tech)


က္က