Budget 5G ဖုန်းတွေမှာ လာမယ့်နှစ် ပထမ ၃ ပတ်အတွင်း သုံးလာဖို့ရှိပါတယ်

မြန်မာငွေ ၂ သိန်းအောက်ဈေးကနေ စတင် ဝယ်ယူနိုင်မယ့် 5G ဖုန်းတွေကို ဒီနှစ်ထဲမှာ မြင်တွေ့ရဖို့ ရှိပါတယ်။

Qualcomm ရဲ့ ဘက်ဂျက်စီးရီး 4-series chipset ကနေ ပထမဆုံး 5G SoC ဖြစ်တဲ့ Snapdragon 480 SoC ကို တရားဝင်ကြေညာလိုက်ပါတယ်။ ဒီ Processor သစ်ဟာ တန်ဖိုးနည်းအန်းဒရိုက်ဖုန်းတွေကို 5G ချိတ်ဆက်မှု ရရှိစေမယ်လို့ ဆိုပါတယ်။5G ရတဲ့ Qualcomm Snapragon 4-series ကို ပြီးခဲ့တဲ့နှစ် IFA ပွဲမှာ စပြီး နမူနာစပြီး ပြသခဲ့တာပါ။ 




ဒီနေ့မှာတော့ Snapdragon 480 processor အကြောင်း တရားဝင်အချက်အလက်အသေးစိတ်တွေ သိလာရပြီ ဖြစ်ပါတယ်။ Snapdragon 480 processor သစ်မှာ mmWave နဲ့ sub-6GHz ကွန်ရက်နှစ်မျိုးစလုံး ပံ့ပိုးထားတဲ့ Snapdragon X51 modem တစ်ခု ပါရှိပါတယ်။ X51 modem ဟာ 5G ကွန်ရက်ချိတ်ဆက်မှုတစ်ခုပေါ်မှာ Download Speed အနေနဲ့ 2.5Gbps နဲ့ Upload speed 660 Mbps အထိ ပံ့ပိုးနိုင်မယ်လို့ ဆိုပါတယ်။

Snapdragon 480 processor ဟာ 2.0GHz octa core Kryo 460 CPU ၊ Adreno 619 GPU နဲ့ Quick Charge 4+ အားသွင်းစနစ်ပံ့ပိုးထားပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့အချက်က 120Hz refresh rate display နဲ့ FHD+ resolution အထိ support ပေးထားပြီး ကင်မရာစနစ်အနေနဲ့ 64MP sensor ၊ ကင်မရာ Sensor သုံးလုံးအထိ တပြိုင်နက်တည်း ပုံဖမ်းယူနိုင်အောင် ပံ့ပိုးထားတဲ့ Spectra 345 ISP စနစ်တို့ ပါရှိပါတယ်။

ဒီ processor သစ်ကို Vivo ၊ OPPO ၊ Xiaomi ၊ Motorola နဲ့ Nokia အပါအဝင် တန်ဖိုးနည်း Budget 5G ဖုန်းတွေမှာ လာမယ့်နှစ် ပထမ ၃ ပတ်အတွင်း သုံးလာဖို့ရှိပါတယ်။ Snapdragon 480 SoC သုံး ဘက်ဂျက် 5G ဖုန်းတစ်လုံးဟာ အနည်းဆုံး ၁၂၅ ဒေါ်လာကနေ ဒေါ်လာ ၂၅၀ အကြား ဈေးနဲ့ ထွက်လာမယ်လို့ ခန့်မှန်းထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က