အရင်မော်ဒယ်တွေထက် ဈေးသက်သာဖို့ ရှိပါတယ်
Nyein Min Wai

ဘယ်လ်ဂျီယံမှ တယ်လီကွန်း Carrier တစ်ခုဟာ Galaxy S21 မော်ဒယ်သုံးမျိုးရဲ့ ဥရောပဈေးနှုန်းကို မတော်တဆ ထုတ်ပြန်မိခဲ့ပါတယ်။

ဘယ်လ်ဂျီယံတယ်လီကွန်းကုမ္ပဏီ Voo ရဲ့ ဝက်ဘ်ဆိုက်မှာ ဖုန်းသုံးမျိုးစလုံးရဲ့ ပုံနဲ့ ဈေးနှုန်းတွေပါ တက်လာခဲ့တာ ဖြစ်ပါတယ်။ Voo ဝက်ဘ်ဆိုက်မှာ တင်ထားတဲ့ ဖုန်းသစ်သုံးမျိုးစလုံးရဲ့ အခြေခံ 128GB storage ဗားရှင်းအကြောင်း ဈေးနှုန်းနဲ့တကွ ပြထားခဲ့တာ ဖြစ်ပါတယ်။ Galaxy S21 ဟာ ၈၄၉ ယူရို ၊ Plus နဲ့ Ultra မော်ဒယ်ကို ၁၀၄၉ ယူရိုနဲ့ ၁၃၉၉ ယူရို ဈေးနှုန်းတွေနဲ့ ရောင်းချသွားမယ်လို့ ဖော်ပြထားပါတယ်။ 




Photo: GSMArena

လက်ရှိ ထွက်ထားတဲ့ Galaxy S20 series ဟာ ၉၉၉ ယူရို ၊ ၁၀၉၉ ယူရို နဲ့ ၁၂၉၉ ယူရို ဈေးတွေနဲ့ ရောင်းချထားတာ ဖြစ်ပါတယ်။ ဒီဈေးတွေကို ယှဉ်ကြည့်ရင် Galaxy S21 စီးရီးမှာ Ultra မော်ဒယ်တစ်မျိုးပဲ ယူရို ၁၀၀ လောက် ဈေးတက်သွားပြီး ကျန်ဖုန်းနှစ်မျိုး အရင်ကထက် ဈေးသက်သာလာတာ တွေ့ရမှာပါ။ Galaxy S21 စီးရီး ဖုန်းဈေးတွေ ပေါက်ကြားကုန်ပြီးနောက် Voo ဟာ သူ့ဝက်ဘ်ဆိုက်ကနေ ဒီပုံတွေကို ဖယ်ရှားခဲ့ပါတယ်။ 

Samsung ဟာ လာမယ့်ဇန်နဝါရီ ၁၄ ရက်မှာ Galaxy Unpacked နာမည်နဲ့ ဖုန်းသစ် မိတ်ဆက်ပွဲကျင်းသွားတော့မှာပါ။ Galaxy S21 ဖုန်းသစ်တွေရဲ့ အချက်အလက်တချို့ကတော့ အတော်များများ ပေါက်ကြားပြီး ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author

  • Nyein Min Wai

    Content Writer (Duwun Tech)


က္က