ဈေးသင့်သင့်နဲ့ဆိုရင်တော့ စိတ်ဝင်စားစရာပါ
Nyein Min Wai

Compact ဖုန်း ကြိုက်သူတွေအတွက် ၂၀၂၁ ဗားရှင်း Sony Xperia Compact ထွက်လာဖို့ ရှိပါတယ်။

Sony ဟာ ၂၀၁၈ ခုနှစ်က နောက်ဆုံးထုတ်ခဲ့တဲ့ XZ2 Compact နဲ့ Compact lineup ကို ရပ်ခဲ့တာပါ။ နာမည်ကြီး OnLeaks က ပြန် Share ထားတဲ့ ပုံတွေထဲမှာ ဒီနှစ်အတွက် Sony Xperia Compact အကြောင်း အချက်အလက်တချို့ ပါလာပါတယ်။ 2021 Sony Xperia Compact ဟာ နောက်ဆုံးထွက် iPhone 12 mini ထက် နည်းနည်းပိုပြီး ကြီးပါလိမ့်မယ်။ အချက်အလက်တွေအရ ၅.၅ လက်မ Screen နဲ့ လာမယ်လို့ ဆိုပါတယ်။



Photo: 9to5google

ဒီဇိုင်းအနေနဲ့ ထူးခြားတဲ့ ပြောင်းလဲမှုတွေ မတွေ့ရဘဲ waterdorp notch သုံးမယ်လို့ ယူဆရပါတယ်။ အောက်ခြေမှာ Bezel ခပ်ထူထူကိုလည်း Sony ဆန်ဆန် မြင်တွေ့ရဖို့ ရှိပါတယ်။ ကျောဘက်မှာ ထောင်လိုက်ကင်မရာအိမ်နဲ့ နှစ်လုံးတွဲ ကင်မရာ သုံးလာမယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ကျောဘက် Dual Cameras ထဲမှာ တစ်လုံးက 13MP sensor ဖြစ်မယ်လို့ ဆိုပါတယ်။ 

notch ထဲမှာ 8MP selfie ကင်မရာ သုံးလာဖို့ ရှိပြီး အောက်ခြေမှာ 3.5mm headphone jack တစ်ခုပါရှိမှာ ဖြစ်ပါတယ်။ Sony ဖုန်း အများစုလိုပဲ ပါဝါခလုတ်ထဲမှာ လက်ဗွေ Fingerprint Reader တစ်ခု ထည့်သွင်းသွားဖို့ ရှိပါတယ်။ ဖုန်းအားသွင်းမှုလုပ်ဖို့အတွက်လည်း USB Type-C port တစ်ခု ပါရှိမှာပါ။ ကျစ်ကျစ်လျစ်လျစ်ဆိုဒ် အရွယ်အစား Compact ဖုန်းတွေ လွမ်းသူတွေအတွက် ဒီဖုန်းဟာ သဘောကျစရာတွေ ဖြစ်ဖို့ ရှိပါတယ်။

လောလောဆယ် ဖုန်း ဈေးနှုန်းနဲ့ တခြားအချက်အလက်တွေ မသိရသေးပါဘူး။ Sony ရဲ့ အရင် record တွေအရဆိုရင် လာမယ့် ဖေဖော်ဝါရီလထဲမှာ မိတ်ဆက်သွားမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က