ဧပြီလအတွင်းမှာ မိတ်ဆက်မယ်လို့ ခန့်မှန်းနေကြပါတယ်
Nyein Min Wai

တတိယမျိုးဆက် iPhone SE မိတ်ဆက်မယ်ဆိုရင် ဒီဇိုင်းပိုင်းမှာ အတော်လေး Modernize ဖြစ်လာဖို့ ရှိပါတယ်။

၂၀၂၀ မှာ ထွက်ခဲ့တဲ့ iPhone SE 2 ဟာ Apple အတွက် အမြတ်အစွန်းများခဲ့တဲ့ ထုတ်ကုန်ဖြစ်ခဲ့ပါတယ်။ Screen Size သေးငယ်ကျစ်လျစ်တဲ့ ဖုန်းတွေကို မျှော်လင့်နေသူတွေအတွက် iPhone SE 2 ဟာ ရွေးချယ်စရာ ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။ ဒီနှစ်ထဲမှာလည်း Apple ဟာ ၂၀၂၁ မော်ဒယ် တတိယမျိုးဆက် iPhone SE 3 ကို လာမယ့်ဧပြီလအတွင်း မိတ်ဆက်မယ်လို့ ယူဆနေကြပါတယ်။



Photo: Svetapple

အခုထိတော့ iPhone SE 3 ပုံတွေနဲ့ ဒီဇိုင်းအကြောင်း နီးစပ်တဲ့ Leaks သတင်းတွေ ထွက်လာတာ မရှိသေးပေမယ့် ခန့်မှန်းထားတဲ့ Render ပုံတွေကို ထုတ်နေသူတွေ ရှိထားပါတယ်။ Svetapple ရဲ့ Renders ပုံအရ တတိယမျိုးဆက် iPhone SE ဟာ iPhone 12 Mini အပေါ် အခြေခံထားပြီး ဘောင်နဲ့ Bezel တွေကလည်း ဆင်နေပါတယ်။ iPhone SE 3 ဟာ iPhone 12 စီးရီးလို Flat Edge လေးထောင့်ဘောင်အပြားနဲ လာပြီး notch အစား selfie ကင်မရာအတွက် punch-hole ကင်မရာပေါက်စတိုင်ကို သုံးလာဖို့ ရှိပါတယ်။

ကျောဘက်မှာတော့ iPhone SE တွေရဲ့ ပုံမှန်အစဉ်အလာ အတိုင်း ကင်မရာတစ်လုံးတည်းပဲ သုံးလာနိုင်ပါတယ်။ Renders ပုံမှာ အရင့်အရင် iPhone SE တွေလို Home Button မသုံးထားတာလည်း တွေ့ရပါတယ်။ Lock စနစ်အတွက် တလောက ထွက်ထားတဲ့ iPad Air အတိုင်း Power ခလုတ်အတွင်းမှာ TouchID လက်ဗွေစနစ်ထည့်လာဖို့လည်း ရှိပါတယ်။ iPhone SE 3 ဟာ LCD display အမျိုးအစားကိုပဲ ဆက်သုံးလာမှာ ဖြစ်ပြီး မျက်နှာပြင်အရွယ်အစား ၅.၄ လက်မအထိ တိုးလာဖို့ ရှိပါတယ်။

Svetapple

Processor ဟာ iPhone 12 series မှာ သုံးတဲ့ A14 Bionic Chipset ကိုပဲ သုံးလာဖို့ ရှိပြီး ကုန်ကျစရိတ်များတဲ့ 5G antenna ကို ဖြုတ်သွားဖို့လည်း ရှိနေပါတယ်။ iPhone SE 3 ဟာ ဈေးလည်း ဒုတိယမျိုးဆက် iPhone SE ထက် အနည်းဆုံး ဒေါ်လာ ၁၀၀ လောက် ဈေးပိုကြီးနိုင်ပါတယ်။ Mac Otakara ရဲ့ ခန့်မှန်းချက်အရ iPhone SE 3 ကို AirPods Pro ဗားရှင်းသစ်နဲ့အတူ ဖြန့်ချိလာနိုင်တယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က