လူမှုကွန်ရက်မီဒီယာတွေကြောင့် လူတွေ အသိအမြင်ပွင့်လင်းလာကြပြီး ဆက်သွယ်ရေးအဆီးအတားတွေ ပျောက်ကွယ်ကုန်တယ်ဆိုတာ ငြင်းစရာမရှိပါဘူး။ ဒါပေမယ့်လည်း လူမှုကွန်ရက်ပေါ်က သတင်းအချက်အလက်တွေ များများ Share လေလေ နောက်ဆက်တွဲကြုံရမယ့် ပြဿနာတွေက တစ်ပုံတစ်ပင်ကြီးဖြစ်လေလေဆိုတာ မေ့ထားလို့ မရပါဘူး။

အခုခေတ်မှာ Social Media တွေဟာ အမြတ်ထုတ်လိုသူတွေအတွက် ခွင်တစ်ခုလို ဖြစ်လာနေတာကြောင့် မ Share ခင် အရင် စဉ်းစားဖို့ အကြံပေးချင်ပါတယ်။ ဘာတွေ မ Share သင့်သလဲ ဆိုတာကတော့-




(၁) ကျန်းမာရေးအချက်အလက်တွေ 

Photo: Unsplash


အခုဆို COVID-19 ဆေးထိုးထားတဲ့သူတွေက ဆေးထိုးပြီးကြောင်းကို ဆေးမှတ်တမ်းစာအုပ်ကို ဓါတ်ပုံရိုက်ပြီး Facebook ပေါ် တင်နေကြတာ ရှိပါတယ်။ လူမှုကွန်ရက်လို လူသန်း ထောင်နဲ့ချီ ရှိနေတဲ့ ပလက်ဖောင်းပေါ်မှာ Medical Information တွေ Share တာက အန္တရာယ်သိပ်ကြီးပါတယ်။ 

ဆေးမှတ်တမ်းမှာ ပါတဲ့ ကိုယ်ရေးအချက်အလက်တွေကို တုပပြီး ပုံမှားရိုက်လုပ်စားနေတဲ့ Identity Fraud case ကလည်း ဒီဂျစ်တယ်ခေတ်မှာ ကြီးထွားလာနေတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ လိမ်မယ့်သူဟာ ကိုယ့်ရဲ့ Personal Information တွေကို သုံးပြီး Credit Cards ဖွင့်တာ ၊ Home Loans ယူတာ ၊ ကားငှားတာ ၊ ကိုယ့်နာမည်နဲ့ အချက်အလက်သုံးပြီး လိမ်တာတွေ လုပ်နိုင်ပါတယ်။ 


(၂) ကိုယ့်နေရာအကြောင်း ပြောနေတဲ့ အရာတွေ

Photo: Unsplash


Facebook ပေါ်မှာ လူချင်းသိနေရင်တောင် ကိုယ့်လိပ်စာတော့ မပေးပါနဲ့။ လိပ်စာကို public မှာ Share တာကတော့ ပိုဆိုးပါတယ်။ ဒါကြောင့် ကိုယ်နေတဲ့ လမ်းနဲ့ ကိုယ့်အိမ်ဓါတ်ပုံတွေ လူမှုကွန်ရက်ပေါ် မတင်ပါနဲ့။ ကိုယ့်အကြောင်း အချက်အလက်တွေက ကိုယ်ရဲ့ အတွင်းစည်းထဲက လူတွေပဲ သိပါစေ။


(၃) ကိုယ့်ဘဝကို သိသွားစေမယ့်ပုံတွေ 


Photo: Unsplash

Social Media ဆိုတာ ပျော်ရဖို့ ၊ အဆက်အသွယ်မပြတ်ဖို့နဲ့ သတင်းအချက်အလက်သစ်တွေ သိရဖို့ နေရာပဲ ဖြစ်သင့်ပါတယ်။ ကိုယ်ရေးကိုယ်တာတွေ သိပ်ဖော်ပြလို့ ကောင်းတဲ့နေရာမဟုတ်ပါဘူး။ Selfie ပုံတွေ သိပ်တင်တာမျိုး ၊ အိမ်ထဲမှာ ရိုက်ထားတဲ့ ပုံတွေတင်တာမျိုးက စိတ်မချရပါဘူး။ 

ကိုယ့်အိမ် နံရံမှာ ကိုယ့်ဘွဲ့လက်မှတ် ရှိနိုင်သလို ၊ ကိုယ်ဓါတ်ပုံရိုက်နေတဲ့ Background မှာ မသမာသူတွေ မျက်စိကျမယ့် တန်ဖိုးကြီးပစ္စည်းတစ်ခုခု ရှိနိုင်ပါတယ်။ တစ်ဆက်တည်း ပြောချင်တာက Social Media မှာ ကိုယ့်ရဲ့ တစ်နေ့တာ လုပ်နေကျ နိစ္စဒူဝတွေအကြောင်း သတင်းအချက်အလက် မ Share ဖို့ပါပဲ။ ဒါကြောင့် လူမှုကွန်ရက်ပေါ်မှာ ဘာတင်တင် အရင်ဆုံး သေချာစဉ်းစားဖို့ ပြောချင်ပါတယ်။


(၄) ခရီးသွားမယ့်အစီအစဉ်တွေ

Photo: Unsplash


အားလပ်ရက် ခရီးထွက်မယ့်အကြောင်းကို လူမှုကွန်ရက်ပေါ် လိုက်ကြွားတာမျိုး မလုပ်ပါနဲ့။ အတော်များများက ကိုယ်သွားနေတဲ့ ခရီးတစ်လျှောက်ပုံတွေပါ Live တင်သွားလေ့ရှိပါတယ်။ ဒါဟာ သိပ်ကို အန္တရာယ်များတဲ့ ကိစ္စဖြစ်ပါတယ်။ 

Facebook ၊ Twitter ၊ Instagram နဲ့ တခြား Social Networks တွေဟာ ပို့စ်တွေမှာ Physical Locations ကို တစ်ခါတည်း Tag တွဲလို့ရအောင် စီစဉ်ထားတတ်ပါတယ်။ ဘယ်ရောက်နေပါတယ်ဆိုပြီး Facebook ပေါ် ပို့စ်တင်တာ ၊ ရောက်တဲ့နေရာ Live လွှင့်တာ ၊ ဓါတ်ပုံတင်တာတွေက အတော်လေး မစဉ်းမစားလုပ်တဲ့ လုပ်ရပ်တစ်မျိုးပဲ ဖြစ်ပါတယ်။ 

တကယ်လို့ တင်ချင်ရင် လူမှုကွန်ရက်ပေါ်က ကိုယ်ယုံရတဲ့ သူငယ်ချင်းအရင်းကြီးတွေလောက်ပဲ သိအောင် Friends Only တင်တာမျိုးလုပ်နိုင်ပါတယ်။ အကောင်းဆုံးက ကိုယ့်အိမ်ပြန်ရောက်မှ Facebook ပေါ် သွားခဲ့တဲ့ခရီးပုံတွေ တင်တာဖြစ်ပါတယ်။ 


(၅) အလုပ်ကိစ္စတွေ 

Photo: Unsplash


ရုံးတွင်းကိစ္စတွေကို Facebook ပေါ် တင်တာဟာ ဝန်ထမ်းစည်းကမ်းချိုးဖောက်တာပါပဲ။ ကိုယ့် Social Networks ထဲမှာ ကိုယ့်အလုပ်က အထက်လူကြီးနဲ့ လုပ်ဖော်ကိုင်ဖက်တွေလည်း ရှိကြမှာပါပဲ။ ကိုယ့်စိတ်ထဲ ရှိသလို အလုပ်ကိစ္စတွေ လိုင်းပေါ်တင်တာဟာ အလုပ်ပြုတ်ဖို့ ကိုယ့်ဟာကိုယ် Resign တင်လိုက်တာပဲ ဖြစ်ပါတယ်။ 

အခုပြောခဲ့တဲ့အချက်တွေဟာ Social Media သုံးသူတိုင်း မဖြစ်မနေသိထားသင့်တဲ့ အခြေခံအကျဆုံး အချက်တချို့ပဲ ဖြစ်ပါတယ်။ လူမှုကွန်ရက်ပေါ်မှာ ဘေးကင်းလုံခြုံဖို့ဆိုရင် ကိုယ်ကိုယ်တိုင် ဘေးကင်းအောင် အရင်နေဖို့နဲ့ ကိုယ့်ရဲ့ Digital Literacy Skill ကို မြှင့်တင်ထားဖို့လည်း လိုမှာပါ။ 



က္က