တစ်နေ့တစ်နေ့ ကိုယ့်အချိန်ကနေ ဖုန်းအတွက် ဘယ်လောက် အချိန်ပေးလိုက်ရသလဲ

သူငယ်ချင်းတွေ အချင်းချင်း အဆက်အသွယ်မပြတ်ဖို့ နဲ့ ဖြစ်ရပ်တွေ အမှတ်တရတွေ Share ဖို့ ဖန်တီးခဲ့တဲ့ Social Media App တွေဟာ အခုဆို လူတွေရဲ့ ဘဝထဲ အသားတကျ စီးကူးနေပြီ ဖြစ်ပါတယ်။

               Oxford Mail သတင်းအရ ကျွန်တော်တို့ဆီမှာ အသုံးများတဲ့ TikTok နဲ့ Facebook တို့ဟာ စွဲလမ်းမှု အဖြစ်နိုင်ဆုံး လူမှုကွန်ရက် app တွေထဲမှာ ပါနေပါတယ်။ Addictive Tips ရဲ့ စစ်တမ်းအရ လူတစ်ယောက်ရဲ့ ပျမ်းမျှ App ပေါ် အချိန်ကုန်မှုမှာ အများဆုံး လူမှုကွန်ရက် app ၃ ခုထဲမှာ TikTok (၁၂ နာရီ ၁၂ မိနစ်) ၊ YouTube ( ၁၂ နာရီ ၄ မိနစ်) နဲ့ Facebook (၁၁ နာရီ ၅၉ မိနစ်) တို့ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။



               လူမှုကွန်ရက်စွဲလမ်းမှုဟာ ကျန်းမာရေးပြဿနာတစ်ခုအဖြစ်ပါ ဦးတည်လာနေတဲ့ ကိစ္စဖြစ်လို့ Social Media ကို စည်းနဲ့ကမ်းနဲ့ သုံးဖို့ လိုလာပြီ ဖြစ်ပါတယ်။ Social Media မသုံးရ မနေနိုင်အောင် စွဲလမ်းတဲ့အဆင့် ရောက်လာပြီဆိုရင်တော့ အခုပြောမယ့် အချက်လေးတွေ လုပ်ပေးဖို့ လိုပါတယ်။


(၁) Addiction အဆင့် ရောက်နေပြီလား ဆန်းစစ်ပါ


Photo: Unsplash


               ပြဿနာတစ်ခုကို ဖြေရှင်းဖို့ဆိုရင် အဲ့ဒီပြဿနာ တကယ်ရှိမရှိ အရင်ကြည့်ဖို့ပါပဲ။ Social Media Addiction မှာလည်း အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ပါ။ Facebook မသုံးဘဲ ၊ TikTok မဆော့ဘဲ ၊ YouTube မကြည့်ဘဲ တကယ် နေနိုင်လားဆိုတာ ရိုးရိုးသားသား ပြန်သုံးသပ်ကြည့်ပါ။ တကယ်လို့ ကိုယ့်အခြေအနေက Facebook မသုံးရ မနေနိုင်တဲ့ အခြေအနေဆိုရင် သေချာပေါက် ကုစားမှုတွေ ပြုပြင်မှုတွေ လုပ်ဖို့ လိုလာပြီ ဖြစ်ပါတယ်။


(၂) လူမှုကွန်ရက် သုံးစွဲမှု သတိပြုပါ


Photo: Unsplash


               Social Media သုံးချင်အောင် ဆွဲဆောင်နေတဲ့ အရာတွေကို မေးခွန်းထုတ်ကြည့်ရအောင်။ စာရွက်ပေါ်မှာ မေးခွန်းနဲ့ အဖြေ တစ်ခါတည်းချရေးတာ ပိုကောင်းပါလိမ့်မယ်။ မေးရမယ့် မေးခွန်းတွေက -

               - ငါဘာလုပ်ဖြစ်လဲ (NewsFeed တွေ Scroll လုပ်ပြီး ကြည့်တာ ၊ Sharing လုပ်တာ ၊ Noti တက်သလားကြည့်တာ စသည်ဖြင့်)

               - ဘယ်အချိန်မှာ သုံးဖြစ်တာလဲ( အလုပ်မှာ ဘာလုပ်စရာမှ မရှိချိန်မှာလား ၊ အိပ်ရာက နိုးနိုးချင်းလား ၊ အိပ်ရာမဝင်ခင်လား ၊ အလုပ်လုပ်ရင်းကို သုံးမိတာလား စသည်ဖြင့်)

               - Social Media မသုံးရသေးခင် ငါ့စိတ်ဘယ်လိုနေလဲ ( ပျင်းနေသလား ၊ စိတ်ဖိစီးနေလို့လား စသည်ဖြင့်)

               - Social Media က ငါ့ကို ဘယ်လိုခံစားရစေလဲ ( စိတ်ရှုပ်ထွေးစေသလား ၊ ဝမ်းနည်း ဒေါသထွက်စေသလား စသည်ဖြင့်)

               ဒီမေးခွန်းလေးတွေကို ဖြေရင်းနဲ့ လူမှုကွန်ရက် သုံးအောင် ကိုယ့်ကို တွန်းပို့နေတဲ့အရာတွေကို တွေ့သွားပါလိမ့်မယ်။ ဒါဆိုရင် Social Media Addiction မဖြစ်အောင် ဖြေရှင်းနိုင်မယ့် အချက်လေးတွေ ဆွဲထုတ်နိုင်ပါလိမ့်မယ်။


(၃) ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မှုလုပ်ပါ


Photo: Unsplash


               စွဲလမ်းမှုတစ်ခုကို ဖျောက်ဖျက်ဖို့ အရင်ဆုံး တိုက်တွန်း နှိုးဆော်တဲ့အကြောင်းတရားတွေကို ရှာရပါတယ်။ ပြီးရင် အဲ့ဒီလှုံ့ဆော်နေတဲ့အရာကို ရင်ဆိုင်အနိုင်ယူမယ့် အစီအစဉ်တစ်ခု ကိုယ့်မှာ ရှိထားဖို့လည်း လုပ်ရပါတယ်။ Facebook သုံးချင်တဲ့ စိတ်ပေါ်လာပြီဆိုရင် ဒီစိတ်ကို ပြောင်းနိုင်မယ့် အစီအစဉ်တစ်ခုခု လုပ်လိုက်ပါ။ ဥပမာ- ပျင်းလာလို့ Facebook သုံးမယ့်အစား ကိုယ်ဝါသနာပါတဲ့ အလုပ်ကလေးတွေ ကောက်လုပ်တာမျိုး ဖြစ်ပါတယ်။


(၄) အပြုသဘောဆောင်တဲ့ နည်းနဲ့ အစားထိုးသွားပါ


Photo: Unsplash


               အပေါ်မှာ ပြောတဲ့ အချက်ကို လုပ်နိုင်ရင် အခုအချက် လွယ်သွားပါပြီ။ မကောင်းတဲ့အကျင့်ဆိုးတစ်ခုက ပျောက်ချင်ရင် ကောင်းတဲ့အကျင့်တစ်ခုနဲ့ အစားထိုးလိုက်ဖို့ ဖြစ်ပါတယ်။ တချို့တွေက News Feed တွေ ကြည့်ချင်လာတိုင်း စာအုပ်တစ်အုပ် ကောက်ဖတ်တဲ့ အကျင့်လုပ်တတ်ပါတယ်။ ဒါမှမဟုတ်လည်း ဂစ်တာတီးတာ ၊ တစ်ခုခု သင်တာနဲ့ စိတ်ပြောင်းလိုက်ပါတယ်။

               အခုဆို အန်းဒရိုက်ရော iOS တွေမှာပါ တစ်ရက်တစ်ရက် ဖုန်းကို ဘယ်နှစ်ကြိမ် ဖွင့်ကြည့်မိသလဲ ၊ ဖုန်းနဲ့ အချိန်ဘယ်လောက်ကုန်သလဲ ကြည့်လို့ရတဲ့ features တွေနဲ့ Screen Time ကန့်သတ်တဲ့ Features တွေ ပါလာပြီ ဖြစ်ပါတယ်။ ဒီ Features တွေကို သုံးပြီးလည်း တစ်နေ့တစ်နေ့ ကိုယ့်အချိန်ကနေ ဖုန်းအတွက် ဘယ်လောက် အချိန်ပေးလိုက်ရသလဲဆိုတာကို ပြန်ဆန်းစစ်ပြီး ဆင်ခြင်နိုင်မှာ ဖြစ်ပါတယ်။

         


ဆက်စပ်အကြောင်းအရာများ



က္က