24.3ms touch latency နဲ့ လာတာပါ

S-Series နာမည်ကျော် Asus ရဲ့ ROG Phone 5 သစ်တွေဟာ Gaming Phone ချစ်သူတွေအတွက် စိတ်ဝင်စားစရာ features တွေ ယူဆောင်လာခဲ့ပြီ ဖြစ်ပါတယ်။

           



           Asus ROG Phone 5s နဲ့ Phone 5s Pro မော်ဒယ်ဖုန်းသစ်နှစ်မျိုးဟာ အရင် ဧပြီလထဲမှာ ထွက်ထားတဲ့ ROG Phone 5 တွေကို Upgrades လုပ်ထားတဲ့အနေနဲ့ 3.0GHz prime core ပါတဲ့ Snapdragon 888+ SoC နဲ့ လာပြီး AI Engine ပိုင်းမှာ ၂၀% မြှင့်ထားတယ်လို့ ဆိုပါတယ်။ S-Series သစ်မှာ processor တင် အဆင့်မြှင့်ထားတာ မဟုတ်ပါဘူး။ Pro Model မှာ LPDDR5 RAM 18GB/UFS 3.1 512GB storage အထိ ပါလာပါတယ်။


Photo: GSMArena


           မော်ဒယ်နှစ်မျိုးစလုံးဟာ ၆.၇၈ လက်မ FHD+ Samsung AMOLED HDR display နဲ့ လာပြီး 144Hz refresh rate ပါရှိပါတယ်။ display တွေဟာ 300Hz touch-sampling rate အထိ support ပေးထားလို့ ထိတွေ့မှုကို အာရုံခံနိုင်တဲ့ကြာချိန် touch latency ဟာ ၂၄.၃ms ပဲ ရှိမယ်လို့ ဆိုပါတယ်။ ကျောဘက်မှာ RGB အလင်းပြေး ROG Logo နဲ့ လာပြီး ROG Phone 5s Pro မှာဆို PMOLED color display တောင် သုံးထားပါတယ်။         

           ROG Phone 5s မှာ Ultrasonic AirTrigger 5 ဂိမ်းခလုတ်တွေ ပါပြီး Pro မော်ဒယ်ရဲ့ ကျောဘက်မှာ ဂိမ်းထိန်းချုပ်မှုတွေလုပ်ဖို့ touch sensor တွေ ထည့်ထားပါတယ်။ ဒီဇိုင်းပိုင်းအနေနဲ့ ROG Phone 5 series မှာအတိုင်း

အပြောင်းအလဲ သိပ်မရှိပါဘူး။ ထူးခြားသွားတာက 65W wired fast charging ပါ 6000 mAh ဘက်ထရီ ၊ USB 3.1 Gen2 speed နဲ့ လာတဲ့ side connector တစ်ခု ၊ DisplayPort 1.4 နဲ့ fast charging support ပါရှိပါတယ်။


Photo: GSMArena

           in-display fingerprint sensor ၊ 24MP selfie ကင်မရာ ၊ 64MP ၊ 13MP ultra-wide နဲ့ 5MP macro sensor တို့ သုံးထားပြီး OZO ဆူညံသံလျှော့ချတဲ့နည်းပညာပါ မိုက်ခရိုဖုန်း ၄ ခု နဲ့ လာပါတယ်။ ရိုးရိုး ROG Phone 5s ဟာ Phantom Black နဲ့ Aurora White နှစ်ရောင်သုံးထားပြီး 16GB/256GB storage ကို ထိုင်ဝမ်ဒေါ်လာ ၂၉၉၉၀ (မြန်မာငွေ ၁၇ သိန်းခန့်) နဲ့ 18GB/512GB မော်ဒယ်ကို ထိုင်ဝမ်ဒေါ်လာ ၃၃၉၉၀ (မြန်မာငွေ သိန်း ၂၀ကျော်ခန့် ) ဈေးတွေနဲ့ ရောင်းချသွားမှာပါ။

           Pro မော်ဒယ်ဟာ Phantom Black တစ်ရောင်တည်းနဲ့ လာပြီး 18GB/512GB မော်ဒယ်ကို ထိုင်ဝမ်ဒေါ်လာ ၃၇၉၉၀ (မြန်မာငွေ ၂၂ သိန်းခွဲခန့်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က