ကင်မရာစနစ် ‌ကောင်းတဲ့ ဖုန်း‌တွေပါ

ကင်မရာစွမ်းဆောင်ရည် မြင့်မားတဲ့ OPPO Reno 3 နဲ့ Reno 3 Pro တို့ကို ပြည်တွင်းမှာ ဝယ်ယူနိုင်ပြီလို့ သိရပါတယ်။



ဧပြီလ ၉ ရက်နေ့အထိ ဝယ်ယူသူတိုင်းအတွက် ဝယ်ပြီး ရက်ပေါင်း ၁၈၀ အတွင်း မတော်တဆ မှန်ကွဲခဲ့ရင် ကျပ် ၁ သိန်းဝန်းကျင်တန်ဖိုးရှိတဲ့ မှန်ကို တစ်ကြိမ် အခမဲ့ လဲပေးမယ်လို့ ဆိုပါတယ်။ Reno 3 Pro ဝယ်သူတွေအတွက် Clock Speaker တွေနဲ့ Reno 3 ဝယ်သူတွေအတွက် Q Speaker များ ပေးသွားမှာပါ။ Reno 3 series ဟာ Quad lens စနစ်နဲ့ လာပြီး Aurora Blue နဲ့ Midnight Black နှစ်ရောင်နဲ့ လာပါတယ်။

Photo: OPPO Myanmar

Reno 3 Pro ဟာ ကမ္ဘာ့ပထမဆုံး 44MP+2MP (dual punch-hole) ရှေ့ကင်မရာစနစ် ၊ နောက်ဆုံးပေါ် MediaTek P95 chipset နဲ့ ကျောဘက် 64MP main camera ၊ 13MP telephoto ၊ 8MP Ultra Wide-lens နဲ့ 2MP black & white lens တွေ သုံးထားပါတယ်။ ဘက်ထရီပါဝါဟာ 4025mAh သုံးထားပြီး VOOC Flash Charge 4.0 စနစ်ကြောင့် အားအပြည့်သွင်းဖို့ ၅၆ မိနစ် ကြာမယ်လို့ ဆိုပါတယ်။

Reno 3 ကတော့ waterdrop notch ပါ 44MP ကင်မရာ နဲ့ MediaTek Helio P90 chipset သုံးထားပါတယ်။ ကျောဘက် 48MP + 13MP telephoto + 8MP Ultra wide lens နဲ့ 2MP black & white lens ဆိုပြီး လေးလုံးတွဲကင်မရာ ပါရှိပြီး Zoom Quadcam ကြောင့် ရှေ့/နောက် ကင်မရာတွေကို အဆ ၂၀ အထိ Zoom ဆွဲနိုင်မယ်လို့ ဆိုပါတယ်။ ဗွီဒီယိုရိုက်ကူးမှု နည်းပညာအနေနဲ့ 1080p 60fps နဲ့ ရိုက်ကူးနိုင်မယ့် Ultra Steady Video 2.0 ၊ Video Bokeh ၊ Video Zoom နဲ့ AI Beauty Mode အပြင် Smart Video Editor Soloop လည်း ပါလို့ စိတ်တိုင်းကျ ရိုက်ကူးတည်းဖြတ်နိုင်မှာပါ။

OPPO Reno 3 နဲ့ Reno 3 Pro တို့ကို မတ်လ ၁၈ ရက်နေ့က ကုမ္ပဏီရဲ့ ပထမဆုံး ကြိုးမဲ့နားကြပ် Enco Free Headphones နဲ့အတူ OPPO ရဲ့ တရားဝင် Facebook စာမျက်နှာကနေ အွန်လိုင်းမိတ်ဆက်မှု လုပ်ခဲ့တာပါ။ ပြည်တွင်းမှာတော့ မတ် လ ၁၉ ရက်နေ့ကနေ စတင် ဝယ်ယူနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဈေးနှုန်းအနေနဲ့ RAM 8GB/256GB storage ပါရှိတဲ့ Reno 3 ကို ၄၉၉၉၀၀ ကျပ် ၊ Reno 3 Pro ကို ၆၂၉၉၀၀ ကျပ် ဈေးနဲ့ မြို့နယ်အသီးသီးမှာရှိတဲ့ ဆိုင်တွေမှာ ဝယ်ယူနိုင်မှာပါ။


ယခု သတင်း‌ဆောင်းပါးကို OPPO Myanmar မှ ကူညီပံ့ပိုးပေးထားပါသည်။


ဆက်စပ်အကြောင်းအရာများ



က္က