punch-hole display နဲ့ ထွက်လာဖို့ ရှိပါတယ်

Google ရဲ့ Mid-range ဖုန်းသစ်ဖြစ်တဲ့ Pixel 4a ကို ရက်ပိုင်းအတွင်း တရားဝင်ကြေညာသွားတော့မှာပါ။

Pixel 4a ဟာ ပြီးခဲ့တဲ့ မေလ Google I/O Conference ပွဲမှာကတည်းက မိတ်ဆက်မယ်လို့ သတင်းထွက်နေတဲ့ ဖုန်းဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် I/O Developer Conference ပွဲ ပျက်သွားပြီးနောက် Pixel 4a သတင်းလည်း လအတန်ကြာ တိမ်မြှပ်နေခဲ့ပါတယ်။ အခုတော့ Google Store ဝက်ဘ်ဆိုက်မှာ တကယ့်စာသားတွေကို မမြင်အောင် ဖုံးထားတဲ့ Lorem Ipsum တစ်ခု ပါပြီး 9to5Google မှာတော့ ဒါကို ဘာသာပြန်ထားတာက The Google သင်စောင့်မျှော်နေတဲ့ ဖုန်း ဆိုတာပါပဲ။ 



Photo: GSMArena

ဒီ tagline နဲ့အတူ ဩဂုတ်လ ၃ ရက် ရက်စွဲကို ပြထားပါတယ်။ အောက်မှာတော့ ဖုန်းဒီဇိုင်းပုံလေးကို checkerboard pattern တစ်ခုနဲ့ အုပ်ထားပါတယ်။ ရှင်းရှင်းလေး တွေးကြည့်ရင် လာမယ့် ဩဂုတ်လ ၃ ရက်နေ့မှာ Google ဟာ ဖုန်းတစ်လုံးကို မိတ်ဆက်သွားမှာကတော့ သေချာပါတယ်။ အနီးစပ်ဆုံးကလည်း Pixel 4a ဖြစ်ဖို့ များပါတယ်။ 

Google Pixel 4a ဟာ OLED display သုံး ဖုန်းတစ်လုံး ဖြစ်ပြီး ရှေ့ဘက်မှာ punch-hole ကင်မရာစနစ် သုံးသွားမယ်လို့ သတင်းထွက်ထားပါတယ်။ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ ဒီဖုန်းဟာ မျက်နှာပြင် ၅.၈ လက်မ ၊ Qualcomm Snapdragon 730 chipset သစ် ၊ RAM 6GB/64GB storage တို့ ပါဝင်လာမယ်လို့ ဆိုပါတယ်။

Google Store page ‌ပေါ်က teaser အရ ဒီဖုန်းဟာ Bokeh စွမ်းရည် ၊ Night Sight low-light ရိုက်ချက် ၊ Megapixel နဲ့ တာရှည်ခံတဲ့ ဘက်ထရီတွေ သုံးလာမယ်လို့လည်း ခန့်မှန်းနေကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က