ဈေးနှုန်း မကြေညာသေးပါဘူး

ဂိမ်းဝါသနာအိုးတွေ ကာလရှည်စောင့်စားခဲ့ကြတဲ့ PlayStation 5 ဂိမ်းစက်နဲ့ ဆက်စပ်ပစ္စည်းတွေကို Sony ဟာ မိတ်ဆက်ပြသလိုက်ပြီ ဖြစ်ပါတယ်။

PS5 ဟာ ရှည်လျားပြီး သေးသွယ်တဲ့ ဒီဇိုင်းကိုမှ ကိုယ်ထည်ရှေ့နဲ့ နောက်မှာ အဖြူရောင် သုံးပြီး ဘေးနှစ်ဘက်မှာ အပြာရောင်အလင်းနဲ့ အနက်‌‌ရောင်ကာလာစပ်တွေကို လှလှပပ တွဲစပ်ထည့်သွင်းထားတာပါ။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်ကားတွေထဲကလို Futuristic ဒီဇိုင်း သုံးထားပြီး ဗားရှင်း နှစ်မျိုးထွက်ထားပါတယ်။ တစ်ခုက standard edition ဖြစ်ပြီး နောက်တစ်ခုက Optical Drive မပါတဲ့ Digital Edition ဖြစ်ပါတယ်။




ဒီပွဲဟာ မိတ်ဆက်ပွဲပဲ ဖြစ်လို့ PS5 ဂိမ်းစက်တွေ ရောင်းချမယ့်ရက်နဲ့ ဈေးနှုန်း ပြောမသွားပါဘူး။ ဂိမ်းစက်သစ်နဲ့ တွဲဖက်ကစားနိုင်မယ့် ဂိမ်းတွေအဖြစ် Marvel's Spider-Man: Miles Morales ၊ Resident Evil Village ၊ NBA2K21 ၊ Hitman III နဲ့ Horizon: Forbidden West စတဲ့ ဂိမ်းသစ်တွေကိုလည်း အမြည်းသဘောပြောသွားခဲ့ပါတယ်။

PS5 နဲ့အတူ wireless headset တစ်ခု ၊ ကင်မာတစ်လုံး media remote နဲ့ DualSense Controller အတွက် Charging dock စတဲ့ Accessories တွေလည်း ကြေညာသွားပါတယ်။


Photo: Engadget

HD ကင်မရာသစ်ဟာ Dual 1080p lens တွေ ပါပြီး ဂိမ်းကစားရင်း အခန်းထဲကနေ Streaming လွှင့်စေနိုင်မှာပါ။ Pulse 3D wireless headset ကတော့ Playstation Gold Wireless headset အစား သုံးလာပြီး 3D အသံစနစ်နဲ့ dual noise-canceling မိုက်ခရိုဖုန်းတွေ ပံ့ပိုးပေးသွားမှာပါ။ Meida Remote မှာ အသံအမိန့်ပေးနိုင်တဲ့ စနစ် ထည့်သွင်းထားပါတယ်။

DualSense charging station ကတော့ နာမည်အတိုင်း တစ်ချိန်တည်းမှာ DualSense controllers နှစ်ခုအထိ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။ PS5 ဂိမ်းစက်နဲ့ ဆက်စပ်ပစ္စည်းတွေရဲ့ ‌ဈေးနှုန်းကိုလည်း အခုထိ ကြေညာခြင်း မရှိသေးပါဘူး။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က