Ultra-Fast SSD စနစ်နဲ့လာမှာပါ

PlayStation သစ်ကို မျှော်နေသူတွေအတွက် Sony ရဲ့ PS5 ဟာ မျှော်ရကျိုးနပ်ပါလိမ့်မယ်။

PS4 ထွက်ပြီး ၇ နှစ်လောက်အကြာမှ တရားဝင်ဖြန့်ချိသွားမယ့် PS5 Console မှာ သုံးမယ့် Hardware နဲ့ features တစ်ချို့အကြောင်းကို မတ်လ ၁၆ ရက်နေကနေ ၂၀ ရက်နေ့အထိ ကျင်းပနေတဲ့ Game Developers Conference 2020 ပွဲမှာ Sony ရဲ့Lead Architect တစ်ဦးဖြစ်တဲ့ မာ့ခ်စာနီက မိတ်ဆက်သွားပါတယ်။



Photo: The Verge

မာ့ခ်ဟာ PS5 hardware ဒီဇိုင်းရဲ့ နောက်ကွယ်မှာ စည်းမျဉ်းသုံးခု ရှိပြီး အဲဒါတွေက developers တွေ အသံ နားစွင့်ခြင်း ၊ ဆင့်ကဲတိုးတက် ပြောင်းလဲဖြစ်ထွန်းမှုကို ဟန်ချက်ညှိခြင်းနဲ့ အိပ်မက်သစ်တွေ ရှာဖွေခြင်းလို့ ဆိုပါတယ်။ ဂိမ်းစက်တစ်ခု အပြည့်အဝသုံးနိုင်ဖို့ developers တွေ ဖန်တီးနေတဲ့ အချိန်ကို Dead Time လို့ သူက နာမည်ပေးထားပါတယ်။

developer တွေရဲ့ အသံ နားထောင်ပြီးနောက် SSD ဟာ ဂိမ်း developer တွေရဲ့ နံပါတ်တစ် တောင်းဆိုမှုဖြစ်လာခဲ့တယ်လို့ဆိုပါတယ်။ PS4 မှာ သုံးတဲ့ Hard Drive ဟာ တစ်စက္ကန့်မှာ 50MB ကနေ 100MB အကြား ဖတ်နိုင်ပြီး PS5 မှာတော့ တစ်စက္ကန့်ကို 5GB အထိ load တင်နိုင်ဖို့ မှန်းထားပါတယ်။

အရင် PS4 မှာ 2GB data တွေကို စက္ကန့် ၂၀ အချိန်ယူချိန်မှာ SSD သုံးထားတဲ့ PS5 ဟာ ၀.၂၇ စက္ကန့်ပဲ ကြာတော့မှာပါ။ Ultra-Fast SSD စနစ်ကြောင့် PS5 ဟာ အရင် PS4 ထက် အချက်အလက်သိုလှောင်ထည့်သွင်းမှုမှာ အဆ ၁၀၀ ခန့် မြန်ဆန်လာမှာ ဖြစ်ပါတယ်။ PS5 ဟာ ‌PS4 ထိပ်တန်း ဂိမ်း ၁၀၀ အားလုံးနီးပါး ထောက်ပံ့သွားမယ်လို့ မာ့ခ်က ဆိုပါတယ်။


Photo: ibtimes

CPU အနေနဲ့ clock speed 3.5GHz ရှိတဲ့ custom 8-core AMD Zen 2 ၊ 10.28 teraflops နဲ့ 2.23GHz clock speed နဲ့ 36CUs တွက်နိုင်တဲ့ AMD ရဲ့ Radeon Navi architecture အခြေခံ custom GPU တို့ ပါရှိမှာပါ။ PS5 ဂိမ်းစက်သစ်မှာ 16GB GDDR6 RAM နဲ့ custom 825GB SSD နဲ့ ထွက်လာမှာပါ။

ပြီးခဲ့တဲ့ လအနည်းငယ်က ထွက်ထားတဲ့ အချက်အလက်များအရ PS5 ဟာ 8K resolution ရုပ်ထွက်ပံ့ပိုးပေးထားပြီး 3D audio အသံနည်းပညာ ၊ 120Hz နှုန်းနဲ့ 4K Gaming စနစ်များလည်း ပါရှိမယ်လို့ဆိုပါတယ်။ Sony PlayStation သစ်ကို ဒီနှစ်ကုန်ပိုင်းမှာ မိတ်ဆက်သွားဖို့ ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က