မြန်မာငွေ သိန်း ၄၀ နီးပါးတန်တဲ့ luxury တန်းဝင်Louis Vuitton စမတ်နာရီကိုမှ processor သစ်နဲ့ထပ်မံမိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။
Photo: slashgear
LV Tambour Horizon စမတ်နာရီတွေကို ၂၀၁၇ ကတည်းက ဈေးကွက်မှာ မိတ်ဆက်ခဲ့တာပါ။ ၂၀၁၉ မော်ဒယ်အဖြစ် အသစ် ပြန်မိတ်ဆက်ရာမှာ Google နဲ့ပေါင်းပြီး Qualcomm ရဲ့ Snapdragon Wear 3100 processor သစ်ကို သုံးပြီး အဆင့်မြှင့်တင်လိုက်တာ ဖြစ်ပါတယ်။
Wear OS နောက်ဆုံးထွက် ဗားရှင်းနဲ့ပဲ လာတဲ့ Tambour Horizon ဗားရှင်းသစ်ဟာ chip သစ်ကြောင့် Screen on ထားပြီး တစ်ရက်လုံး အသုံးခံတဲ့ ဘက်ထရီစနစ်ကို မြင်ရပြီ ဖြစ်ပါတယ်။ အချိန်ပဲ ပြရုံ low-power mode မှာဆို နောက်ထပ် ၅ ရက်အထိ အားခံမှာပါ။
Wear 3100 chipset သစ်မှာ နာရီဝတ်သူရဲ့ နှလုံးခုန်နှုန်းနဲ့အိပ်ချိန်ကို တိုင်းတာပေးမယ့် feature ပါဝင်လာပါတယ်။ ဒီ feature နဲ့အတူ on screen ဖွင့်ထားချိန်မှာလည်း ပါဝါကို အကုန်အကျသက်သာအောင် စီမံပေးမှာ ဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းမှာတော့ အရင် LV Tambour Horizon အတိုင်း ရိုးရှင်းတဲ့ အဝိုင်းဒီဇိုင်းနဲ့လာပြီး နေ့ညပြဖို့အတွက် နာရီအိုးမှာ ၂၄ နာရီလုံးပြနေမယ့် ring တစ်ခု ပါလာပါတယ်။
ဒီ ring ကတော့ ambient mode မှာ မြင်ရမှာပါ။ ကာလာ option အနေနဲ့အဖြူရောင် ကြွေကာလာနဲ့လာပြီး screen ကို ကြည့်ရတ ပိုပြီး သားနားလာပါတယ်။ အခုချိန်အထိတော့ ဒီဗားရှင်းသစ်ရဲ့ဈေးနှုန်းကို မသိရသေးပေမယ့် အနည်းဆုံး ဒေါ်လာ ၂၄၉၀ (မြန်မာငွေ ၃၈ သိန်းခွဲကျော်) ဖို့ရှိပါတယ်။