flagship ဖုန်းဈေးကွက်အတွက် နောက်ထပ် challenger များလား

ဇွန်လထဲမှာ Honor ရဲ့ high-end မော်ဒယ် စမတ်ဖုန်းသစ်တစ်မျိုး မြန်မာနိုင်ငံ ဈေးကွက်ထဲ ဝင်ရောက်လာတော့မှာပါ။


         Honor 20 Pro လို့သတင်းရထားတဲ့ ဒီဖုန်းဟာ Honor View 20 နဲ့ဒီဇိုင်းချင်းဆင်ပြီး မေလ တတိယပတ်ထဲ လန်ဒန်မှာ ကြေညာသွားမယ်လို့လည်း XDA Developers မှာ ဖော်ပြထားပါတယ်။ Honor 20 နဲ့Honor 20 Pro ဆိုပြီး မော်ဒယ်နှစ်မျိုးနဲ့ထွက်လာဖို့ရှိပြီး Pro မော်ဒယ်ဟာ Honor View 20 စတိုင် ဘယ်အပေါ်ထောင့်နားမှာ punch hole ဆယ်လ်ဖီကင်မရာပေါက် အသေးစား တစ်ခု သုံးသွားဖို့ရှိပါတယ်။



Photo: xda-developers


         ပေါက်ကြားလာတဲ့ ပုံတွေအရ Honor 20 Pro ဟာ ကျောဘက်မှာ ထောင်လိုက်ကင်မရာ ၄ လုံးသုံးသွားဖို့ရှိပြီး Huawei P30 Pro လိုမျိုး3D ToF Sensor ပါလာဖို့ရှိပါတယ်။ ဒီဇိုင်းပိုင်းအရ Honor 20 Pro ဟာ သီးခြားဆန်လာပြီး Honor View 20 ရှေ့ဒီဇိုင်းနဲ့Huawei P30 Pro ကျောဘက်ဒီဇိုင်း နှစ်မျိုး စပ်ထားတဲ့ ပုံစံဖြစ်ဖို့ရှိပါတယ်။

         high-end ဖုန်းအနေနဲ့ဈေးကွက်ထဲ ရောက်လာမယ့် ဒီဖုန်းဟာ Huawei ရဲ့ flagship processor ဖြစ်တဲ့ Kirin 980 processor ကို သုံးထားပြီး RAM ပမာဏအနေနဲ့6GB/8GB နှစ်မျိုးနဲ့ထွက်လာဖို့ရှိပါတယ်။ Honor ဟာ Epic Games ၊ Amazon တို့နဲ့ပူးပေါင်းထားတာ ဖြစ်လို့Honor 20 Pro မှာ Epic Games ကနေ ထုတ်တဲ့ Fortnite ဂိမ်းနဲ့Amazon ရဲ့ Alexa apps များ တစ်ခါတည်း pre-installed သွင်းလာဖို့လည်း ရှိပါတယ်။

Photo: slashgear

         Honor 20 Pro နဲ့အတူ မေလ ၂၁ ရက်နေ့လန်ဒန်မှာ တစ်ခြား mid-range နဲ့entry-level တန်ဖိုးနည်း Honor 20 Lite ၊ Honor 20i နဲ့Honor 8s တို့လည်း မိတ်ဆက်သွားမယ်လို့သတင်းထွက်နေပါတယ်။ လက်ရှိမှာတော့ Honor 20/20 Pro တို့မှာ သုံးသွားမယ့် ဘက်ထရီပါဝါ ၊ ကင်မရာအကြောင်းနဲ့screen size မသိရသေးပေမယ့် မေလ တတိယပတ်မှာ ဒီအချက်အလက်တွေအပြင် ဈေးနှုန်းပါ ကြားသိရမှာပါ။

      


ဆက်စပ်အကြောင်းအရာများ



က္က