ပြည်တွင်း ဖုန်းအရောင်းဆိုင်တစ်ချို့မှာ ရောင်းနေတဲ့ ဈေးပါ
Nyein Min Wai

ပြည်တွင်းပေါက်ဈေးအရ ဈေးအကြီးဆုံး iPhone XS Max ၅ လုံးဟာ အတော်အသင့် ကောင်းတဲ့ Sports car တစ်စင်းကို အသာလေး ဝယ်နိုင်တဲ့ ပမာဏဖြစ်နေပါတယ်။

iphone-xs-box.jpg

Photo: iMore

 

၂၀၁၈ မော်ဒယ် iPhone သစ်တွေကတော့ ပြည်တွင်းဈေးကွက်ထဲ in-stock ရောက်လာပါပြီ။ဈေးကတော့ အနိမ့်ဆုံး သိန်း ၂၀ ကျော်ကနေ ၃၂ သိန်းခွဲအထိ ရှိပါတယ်။ လက်ရှိ ရောက်လာတဲ့ iPhone သစ်တွေကတော့ XS နဲ့XS Max ဖြစ်ပြီး မြန်မာပြည် ဈေးကွက်မှာ iPhone XS ဟာ 64GB နဲ့256GB ဗားရှင်းနှစ်မျိုး နဲ့ရောင်းချနေတာပါ။

iPhone XS Max ကတော့ 64GB/256GB နဲ့512GB သုံးမျိုးစလုံးကို Dual SIM အဖြစ် တင်သွင်းလာတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ နာမည်ကြီး ဖုန်းအရောင်းဆိုင်တစ်ဆိုင်ဖြစ်တဲ့ Win Mobile World ရဲ့ Facebook စာမျက်နှာမှာတော့ iPhone XS Max အနိမ့်ဆုံး မော်ဒယ်ကို မြန်မာငွေ ကျပ် ၂၄ သိန်း ၊ 256GB မော်ဒယ်ကို ၂၇ သိန်းနဲ့အမြင့်ဆုံး 512GB မော်ဒယ်တစ်လုံးကို ကျပ် ၃၂ သိန်းခွဲ ဈေးတွေနဲ့ဝယ်ယူနိုင်ပြီလို့ကြေငြာထားပါတယ်။

စက်တင်ဘာ ၂၃ ရက်နေ့စွဲနဲ့တင်တဲ့ AnyCall Mobile ရဲ့ ပို့စ်မှာလည်း ဒီဈေးနှုန်းနဲ့ပဲ တင်ထားပါတယ်။ မျက်နှာပြင် ၅.၈ လက်မအရွယ် iPhone XS ကတော့ 64GB ဗားရှင်းကို ၂၀၅၀၀၀၀ ကျပ် နဲ့256GB ကို ၂၃ သိန်း ဈေးတွေနဲ့ရောင်းချသွားမယ်လို့ဆိုပါတယ်။ ဈေးနှုန်းအနေနဲ့အပြောင်းအလဲတွေ ရှိမှာ ဖြစ်ပေမယ့် ဒီနှစ် iPhone သစ်တွေဟာ Apple သမိုင်းမှာ ဈေးအကြီးဆုံး ဖုန်းတွေဆိုရင်တော့ မမှားပါဘူး။

Apple ဟာ iPhone ထုတ်လုပ်မှု ၁၀ နှစ်ပြည့်တဲ့ ၂၀၁၇ မှာ FaceID သစ် သုံးနိုင်တဲ့ notch နဲ့အတူ ထောင်လိုက် dual camera ပါ iPhone X ကို စတင်ပွဲထုတ် မိတ်ဆက်ခဲ့ရာကနေ ၂၀၁၈ မှာတော့ မျိုးဆက်သစ် OLED ပရီမီယံမော်ဒယ် iPhone XS နဲ့iPhone XS Max တို့ကို ဆက်ထုတ်လာတာပါ။

iPhone XS နဲ့XS Max တို့ဟာ ရေအနက် ၆ ပေခွဲနီးပါး ကို မိနစ် ၃၀ အထိ ရေစိမ်ခံနိုင်တဲ့ IP68 rating ရထားပြီး မှန်ကိုယ်ထည် စတီးဘောင်နဲ့ထုတ်ထားတာ ဖြစ်ပါတယ်။ ကမ္ဘာ့ပထမဆုံး 7nm processo နဲ့ထုတ်ထားတဲ့ A12 Bionic chips ပါရှိပြီး dual SIM စနစ်ကို ပထမဆုံး သုံးလာတဲ့ ဖုန်းတွေလည်း ဖြစ်ပါတယ်။

dims.jpg

Photo: Engadget

 

ဈေးအကြီးဆုံး တန်ဖိုးမြင့် မော်ဒယ် iPhone XS Max ကို Apple store မှာတော့ အနိမ့်ဆုံးမော်ဒယ် ၁၀၉၉ ဒေါ်လာ ၊ 256GB ကို ၁၂၄၉ ဒေါ်လာနဲ့512GB ကို ၁၄၉၉ ဒေါ်လာဈေးတွေနဲ့ရောင်းချသွားမယ်လို့ကြေငြာထားပါတယ်။


က္က