အနည်းဆုံး ၁၄ သိန်း ၉ သောင်း ၉ ထောင်ကျပ်ဈေးကေန စတင် ရောင်းခသြှားမွာပါ

သြဂုတ်လ ၇ ရက်နေ့ညက နယူးယော့ခ်မှာ မိတ်ဆက်သွားတဲ့ Samsung Galaxy Note 10 နဲ့Note 10 Plus တို့ကို ပြည်တွင်းမှာ သြဂုတ်လ ၉ ရက်ကနေ ၂၇ ရက်နေ့အထိ pre-order မှာယူနိုင်မယ်လို့သိရပါတယ်။

Samsung Galaxy Note စီးရီးတွေထဲမှာ မျက်နှာပြင်အကြီးဆုံးမော်ဒယ်တွေ ဖြစ်တဲ့ Galaxy Note 10 နဲ့Galaxy Note 10 Plus တို့ဟာ punch hole ကင်မရာဒီဇိုင်းသစ်ဖြစ်တဲ့ Ininity-O display နဲ့လာပြီး All-Screen ဒီဇိုင်း သုံးထားတာ ဖြစ်ပါယ်။ Infinity O display ဒီဇိုင်းကြောင့် အရင် Galaxy Note 9 မှာ သုံးခဲ့တဲ့ အထက်နဲ့အောက် bezel တွေ မရှိတော့ဘဲ ထူးခြားကွဲလွဲတဲ့ ဟန် ဖြစ်လာပါတယ်။



Photo: Engadget

လေးထောင့်ဆန်တဲ့ ကိုယ်ထည်ဖွဲ့စည်းမှုနဲ့လာပြီး Screen Size အနေနဲ့Galaxy Note 10 ဟာ မျက်နှာပြင် ၆.၃ လက်မ နဲ့Galaxy Note 10 Plus ဟာ ၆.၈ လက်မ screen များ သုံးထားတာပါ။ ပြည်တွင်းဈေးကွက်ထဲမှ Galaxy Note 10 ကို RAM 8GB/256GB storage နဲ့မိတ်ဆက်ထားပြီး Galaxy Note 10 Plus ကိုတော့ RAM 12GB/256GB storage နဲ့RAM 12GB/512GB storage ဗားရှင်းနှစ်မျိုးနဲ့ရောင်းချသွားမယ်လို့ဆိုပါတယ်။

Global အလုံးအနေနဲ့ထွက်လာတဲ့ Galaxy Note 10/Note 10 Plus တို့ဟာ Samsung ရဲ့ 7nm EUV နည်းပညာသုံးပြီး ထုတ်ထားတဲ့ Exynos 9825 chipset နဲ့လာပါတယ်။ US မှာတော့ Qualcomm Snapdragon 855 processor သုံးထားတဲ့ မော်ဒယ်တွေ ဝယ်နိုင်မှာပါ။ ထူးခြားတာက Samsung ဟာ Galaxy Note 10/Note 10 Plus တို့ကို LTE ဗားရှင်းအပြင် 5G ဗားရှင်းအဖြစ်ပါ ဈေးကွက်ကို လိုက်ပြီး ဖြန့်ချိဖို့စီစဉ်ထားတာ ဖြစ်ပါတယ်။

ကျောဘက်မှာ OIS ရုပ်ငြိမ်စနစ်နဲ့dual aperture ပါ 12MP main camera ၊ နောက်ထပ် OIS ရုပ်ငြိမ်စနစ်ပါ 12MP tele lens နဲ့၁၂၃ ဒီဂရီ ultra-wide ရိုက်ကူးနိုင်မယ့် 16MP ကင်မရာဆိုပြီး ထောင်လိုက် triple lens စနစ်နဲ့ ပါလာပါတယ်။ Galaxy Note 10 Plus မှာတော့ Depth Vision camera လို့ခေါ်တဲ့ ရုပ်သံရိုက်ကူးမှုမှာ depth ရိုက်ကူးနိုင်မယ့် ၈၀ ဒီဂရီ VGA ကင်မရာတစ်လုံးပါ အပို ပါလာပါတယ်။ ရှေ့ဘက်မှာ 10MP ကင်မရာ သုံးထားပြီး S Pen ဟာ Gesture feature သစ်တွေ နဲ့ထွက်လာတာပါ။

ဈေးကွက်ထဲမှာ Galaxy Note 10 ကို Aura Glow ၊ Aura Pink ၊ Aura White နဲ့Aura Black ကာလာ ၄ ရောင်နဲ့ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ pre-order မှာသူတွေကို အထူးအစီအစဉ်အနေနဲ့Galaxy Note 10 Plus 256GB ဗားရှင်းဝယ်သူတွေကို 512GB storage အထိ upgrade လုပ်ပေးမှာ ဖြစ်ပြီး Galaxy Note 10 ဝယ်သူတွေကိုတော့ Galaxy Buds တစ်ခု လက်ဆောင်ပေးသွားမယ်လို့ဆိုပါတယ်။

Photo: Duwun Tech

pre-order မှာထားသူတွေဟာ ကိုယ် pre-order တင်တဲ့ ဆိုင်တွေမှာ မှာယူထားတဲ့ စမတ်ဖုန်းတွေကို သြဂုတ်လ ၃၁ ရက်ကနေ စက်တင်ဘာ ၈ ရက်နေ့အတွင်း ထုတ်ယူနိုင်မှာဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့Galaxy Note 10 RAM 8GB/256GB storage ကို မြန်မာငွေ ၁၄ သိန်း ၉ သောင်း ၉ ထောင်ကျပ် ၊ Galaxy Note 10 Plus 256GB ဗားရှင်းကို မြန်မာငွေ ၁၆ သိန်း ၉ သောင်း ၉ ထောင်ကျပ်ဈေးနဲ့512GB ဗားရှင်းကို မြန်မာငွေ ၁၈ သိန်း ၉ သောင်း ၉ ထောင်ကျပ် ဈေးများ သတ်မှတ်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က