upper mid-ranger သစ်ပါ
Nyein Min Wai

စုစုပေါင်း AI ကင်မရာ ၅ လုံး ပါဝင်တဲ့ Huawei ရဲ့ upper mid-ranger စမတ်ဖုန်း Nova 5T ဟာ ပြည်တွင်းဈေးကွက်ထဲ ဝင်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။


Huawei Nova 5T ကို ပြည်တွင်းဈေးကွက်အတွက် စက်တင်ဘာ ၉ ရက်နေ့က စတင်မိတ်ဆက်လိုက်တာ ဖြစ်ပြီး ဒီဇိုင်းပိုင်း ထူးခြားတဲ့ ဖုန်းတစ်လုံးလို့ပြောနိုင်ပါတယ်။ မျက်နှာပြင် ၆.၂၆ လက်မ FullHD+ display ရဲ့ ဘယ်ဘက်အပေါ်ထောင့်မှာ punch hole ကင်မရာပေါက်နဲ့လာသလို ကျောဘက် panel ရဲ့ holographic ဒီဇိုင်းဟာလည်း အမြင်အာရုံကို ဆန်းဆန်းပြားပြား ဖမ်းစားနိုင်တာ တွေ့ရပါတယ်။


Photo: huawei

နောက်ထပ် ထူးခြားတာက Huawei ရဲ့ ပရီမီယံဖုန်းတွေ ဖြစ်တဲ့ Huawei Mate 20/20 Pro နဲ့Huawei P30/P30 Pro တို့လိုပဲ flagship processor ဖြစ်တဲ့ Kirin 980 AI processor နဲ့အတူ RAM 8GB အသုံးပြုထားပါတယ်။ မိုဘိုင်းလ်ဂိမ်းဝါသနာအိုးတွေအတွက် အဆင့်မြင့် ဂိမ်းကစားမှု အတွေ့အကြုံရစေဖို့GPU Turbo 3.0 စနစ် ပံ့ပိုးချက်လည်း ပါရှိပါတယ်။

Nova 5T ရဲ့ ထူးခြားချက်က ကင်မရာပါ။ စမတ်ဖုန်းရေစီးကြောင်းမှာ ခေတ်စားနေတဲ့ Quad Lens စနစ်ကို ကျောဘက်မှာ ထောင်လိုက်တပ်ဆင်ထားပြီး ကင်မရာတွေအနေနဲ့48MP main ကင်မရာ ၊ 16MP ultra-wide ကင်မရာ ၊ 2MP depth sensor နဲ့ပုံတွေကို အနီးကပ် အသေးစိတ်ဆွဲရိုက်ဖို့အတွက် 2MP macro ကင်မရာတွေ ပါဝင်လာပါတယ်။

ကင်မရာ features တွေအနေနဲ့AI ရုပ်ငြိမ်စနစ် ၊ Super Night Mode ၊ Auto Exposure Lock (AEL) နဲ့Auto Focus Lock (AFL) စတဲ့ AI နည်းပညာပံ့ပိုးထားတဲ့ ဓါတ်ပုံနည်းပညာတွေ သုံးနိုင်မှာပါ။ ရှေ့ဘက် punch hole ထဲမှာတော့ 32MP ဆယ်လ်ဖီကင်မရာ ပါလာပြီး အသေးစိတ် ပုံဖော်မှုတွေနဲ့ဆန်းသစ်တဲ့ ကင်မရာရိုက်ချက်တွေ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

Photo: theborneopost

Nova 5T ဟာ OS စနစ်အနေနဲ့Android 9 ကို အခြေခံထားတဲ့ EMUI 9.1 နဲ့လာပါတယ်။ 3750 mAh ဘက်ထရီဟာ 22.5W Super Charge အမြန်အားသွင်းနည်းပညာ ပံ့ပိုးချက်ပါတာ ဖြစ်လို့အချိန်တိုအတွင်း အားအမြန်သွင်းပေးနိုင်မှာပါ။ အရောင်အနေနဲ့Crush Blue ၊ Black နဲ့Midsummer Purple ကာလာ ၃ ရောင်ထဲကနေ ရွေးချယ် ဝယ်ယူနိုင်မှာပါ။

ပြည်တွင်းဈေးကွက်မှာ Nova 5T ကို စက်တင်ဘာ ၉ ရက်ကနေ စက်တင်ဘာ ၂၇ ရက်နေ့အထိ pre-order မှာနိုင်မှာ ဖြစ်ပြီး pre-order ကာလမှာ မှာယူသူတွေကို Huawei Mini Speaker များလည်း ပေးသွားမယ်လို့ဆိုပါတယ်။ ဈေးနှုန်းကိုတော့ ၅၉၉၀၀၀ ကျပ်ဈေးနဲ့ရောင်းချသွားမှာပါ။


ယခုသတင်းဆောင်းပါးကို Huawei Myanmar မှ ကူညီပံ့ပိုးပေးပါသည်။


က္က