Snapdragon 7 series သစ်နဲ့လာဖို့ရှိပါတယ်။
Nyein Min Wai

Redmi K series ကတော့ နောက်ထပ်ဆန်းသစ်မှုအသစ်တွေနဲ့ဖုန်းတစ်လုံးကို ကြေညာသွားတော့မှာပါ။

Xiaomi ရဲ့ sub-brand ဖြစ်တဲ့ Redmi ရဲ့ အထွေထွေ မန်နေဂျာလုဝေဘင်းဟာ တရုတ်မှာ Redmi 8 မိတ်ဆက်ပွဲအတွင်း Redmi K30 ဖုန်းသစ်အကြောင်း အချက်အလက်တစ်ချို့ကို မျှဝေခဲ့ပါတယ်။ Redmi K30 ဟာ Xiaomi ဖုန်းတွေထဲမှာ ပထမဆုံး punch hole ကင်မရာပေါက်ပါတဲ့ ဖုန်းဖြစ်မှာပါ။

Photo: gizchina

ဒီဇိုင်းအရ Galaxy S10+ ရဲ့ ရှေ့ဘက် dual front ကင်မရာလိုမျိုး ညာဘက်အပေါ်ထောင့်မှာ punch hole ကင်မရာဒီဇိုင်း သုံးသွားဖို့ရှိပါတယ်။ ဒီထက် ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက Redmi K30 ဟာ dual 5G support ဖြစ်တဲ့ SA (Standalone Mode) နဲ့ 4G LTE infra တွေပေါ် အခြေခံထားတဲ့ NSA (Non-Standalone ) ကွန်ရက်နှစ်မျိုးစလုံး ပံ့ပိုးပေးထားပါတယ်။

Xiaomi ဟာ 5G ဖုန်းတွေထဲမှာ ဈေးအနည်းဆုံးဖြစ်တဲ့ Mi 9 Pro 5G ဖုန်းကို မိတ်ဆက်ထားတဲ့ စမတ်ဖုန်းကုမ္ပဏီပါ။ Mi 9 Pro 5G ဟာ ၃၆၉၉ ယွမ် ( မြန်မာငွေ ၈ သိန်းခန့်) ဈေးကနေ စတင်ရောင်းချခဲ့တာ ဖြစ်လို့တစ်ခြား 5G ဖုန်းတွေထက် ထက်ဝက်နီးပါး ဈေးသက်သာနေပါတယ်။

Photo: gizchina

Redmi ရဲ့ GM လုဝေဘင်းကတော့ 5G မော်ဒယ် Redmi K30 ကတော့ ဈေးအသက်သာဆုံး 5G ဖုန်းဖြစ်မှာ မဟုတ်ဘူးလို့ဆိုပါတယ်။ ဒါပေမယ့် Redmi brand တွေရဲ့ အစဉ်အလာအတိုင်း ဈေးနှုန်း သက်သာဖို့တော့ ရှိပါတယ်။ ခန့်မှန်းချက်တွေမှာတော့ Redmi K30 ဟာ dual mode 5G ပံ့ပိုးပေးထားတဲ့ Qualcomm Snapdragon 7250 chipset နဲ့လာမယ်လို့ဆိုပါတယ်။


က္က