တန်ဖိုးသင့် OnePlus ဖုန်း ဖြစ်လာမှာပါ

OnePlus Z လို့ သတင်းထွက်နေတဲ့ budget ဗားရှင်း OnePlus ဖုန်းကို OnePlus Nord လို့ နာမည်ပေးသွားဖို့ ရှိနေပါတယ်။


OnePlus ဟာ တန်ဖိုးသင့် ဖုန်းတစ်လုံး မိတ်ဆက်သွားမယ်လို့ သတင်းထွက်ထားပါတယ်။ OnePlusရဲ့ တန်ဖိုးသင့်ဗားရှင်းဟာ OnePlus Z ဒါမှမဟုတ် OnePlus 8 Lite ဖြစ်မယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။ ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ စပြီး သတင်းကြားချိန်က OnePlus ရဲ့ ဘက်ဂျက်ဖုန်းဟာ dual-camera စနစ်နဲ့ လာမယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာ သုံးလုံးတွဲကင်မရာ သုံးမယ်လို့ ကြားခဲ့ပြီး အခုနောက်ဆုံးရသတင်းမှာ ကျောဘက် ကင်မရာ ၄ လုံး သုံးမယ်လို့ ထွက်ပေါ်လာပါတယ်။


Photo: Tom's Guide



OnePlus Nord မှာ သုံးမယ့် ကင်မရာဟာ 48MP main ကင်မရာ ၊ 16MP ultrawide ၊ 2MP macro lens နဲ့ depth sensor တစ်ခု ဖြစ်မယ်လို့ ဆိုပါတယ်။ ဒီဖုန်းဟာ 5G ကွန်ရက် ချိတ်ဆက်မှု ပံ့ပိုးထားတဲ့ Snapdragon 765 processor ၊ RAM 8GB/128GB storage ပါဖို့ ရှိပါတယ်။ Android 10 စနစ်နဲ့ ထွက်လာမှာ ဖြစ်ပြီး Warp charge အားသွင်းနည်းပညာပါတဲ့ 4000 mAh သုံးလာနိုင်ပါတယ်။

display အနေနဲ့ ၆.၄ လက်မ OLED display သုံးထားပြီး FHD+ ရုပ်ထွက်နဲ့ 90Hz refresh rate သုံးသွားမယ်လို့ သတင်းထွက်နေပါတယ်။ OnePlus Nord နဲ့အတူ ကုမ္ပဏီရဲ့ ပထမဆုံး wireless earbuds သစ်ဖြစ်တဲ့ OnePlus Pods ကိုလည်း ကြေညာသွားဖို့ ရှိပါတယ်။ OnePlus ဟာ လာမယ့်ဇူလိုင် ၂ ရက်နေ့မှာ OnePlus Smart TV ကို အိန္ဒိယဈေးကွက်ထဲ မိတ်ဆက်ဖို့ ပြင်နေပါတယ်။

OnePlus Nord ကို ဇူလိုင်လ ၁၀ ရက်နေ့မှာ မိတ်ဆက်သွားဖို့ ရှိပြီး ရူပီး ၂၄၉၉၀ (မြန်မာငွေ ၄ သိန်း ၆ သောင်းခန့်) ဈေးနဲ့ သတ်မှတ်သွားမယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က