Transparent version လည်း ထွက်လာဖို့ ရှိပါတယ်

ဩဂုတ်လ ၁၁ ရက်နေ့ မိတ်ဆက်မယ်လို့ သတင်းထွက်နေတဲ့ Xiaomi ရဲ့ flagship ဖုန်းသစ်အကြောင်း သတင်းအချက်အလက်တစ်ချို့ ကြားသိရပြီ ဖြစ်ပါတယ်။

စမတ်ဖုန်းတွေရဲ့ CPU မြန်နှုန်းရမှတ် တိုင်းတာတဲ့ GeekBench ပေါ် တက်လာတဲ့ အချက်အလက်တွေအရ M2007J1SC မော်ဒယ်နံပါတ်နဲ့ လာတဲ့ Xiaomi Mi 10 Ultra ဟာ RAM 16GB နဲ့ Snapdragon 865+ SoC ကို သုံးထားတယ်လို့ ဆိုပါတယ်။ Geekbench ဟာ Mi 10 Ultra ကို Single-core ရမှတ် ၉၀၁ မှတ်နဲ့ Multi-Core ရမှတ် ၃၂၇၅ မှတ် ပေးထားပါတယ်။



Photo: GSMArena

Xiaomi Mi 10 Ultra ဟာ Quad-Camera စနစ်နဲ့ လာပြီး 120x zoom ဆွဲနိုင်မယ့် စတုရန်းပုံစံ ပယ်ရီစကုပ်ကင်မရာ ပါဝင်မယ်လို့ ဆိုပါတယ်။ တစ်ခြား ကင်မရာ sensor အနေနဲ့ 108MP main ကင်မရာ ၊ 20MP super wide-angle ကင်မရာနဲ့ 8MP telephoto sensor တို့ သုံးသွားမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Mi 10 Ultra ဟာ ceramic ကိုယ်ထည်တစ်ခု ပါရှိပြီး ကျောဘက်မှာ ထွင်းဖောက်မြင်နိုင်မယ့် ဗားရှင်းတစ်ခုလည်း ထွက်လာမယ်လို့ ဆိုပါတယ်။ FHD+ ရုပ်ထွက်ပါ AMOLED display သုံးထားပြီး 120Hz refresh rate ပံ့ပိုးသွားဖို့လည်း ရှိပါတယ်။

ဒီဖုန်းမှာ နောက်ထပ်စောင့်ကြည့်ရမယ့် အချက်က စမတ်ဖုန်းလောကမှာ ပထမဆုံးအနေနဲ့ under-display ကင်မရာ ပါမပါဆိုတာပါပဲ။ အခုထိတော့ ဒီသတင်းဟာ ကောလာဟလပဲ ရှိသေးပြီး တရားဝင်မိတ်ဆက်ပွဲမှာ အချက်အလက်မှန်ကို ကြားသိရတော့မှာပါ။

Mi 10 Ultra ဟာ 4500mAh ဘက်ထရီပါရှိပြီး 120W ultra-fast charging ၊ 55W wireless charging စနစ်နဲ့ လာဖို့ ရှိပါတယ်။ Transparent မော်ဒယ်ဟာ RAM 12GB/256GB storage နဲ့ RAM 16GB/512GB storage ဆိုပြီး ဗားရှင်းနှစ်မျိုးနဲ့ ထွက်လာမယ်လို့လည်း သတင်းထွက်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က