transparent ဒီဇိုင်းကြိုက်သလား

Nubia ဟာ တရုတ်ဈေးကွက်အတွက် အလုံးအရေ အကန့်အသတ်နဲ့ စမတ်ဖုန်းမော်ဒယ်သစ်တစ်မျိုးကို ကြေညာလိုက်ပါတယ်။


Nubia Red Magic 5G ကနေ Transparent Edition အနေနဲ့ မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။ နာမည်အတိုင်း ဒီဗားရှင်းဟာ ကျောဘက်မှာ ထွင်းဖောက်မြင် မှန် panel ပြားကို သုံးထားပါတယ်။ တစ်ခြား features တွေအနေနဲ့ Nubia Red Magic 5G နဲ့ တစ်ပုံစံတည်း ဖြစ်ပြီး RAM အနေနဲ့ 16GB LPDDR5 အထိ သုံးလာပါတယ်။



Photo: mobilescout


Transparent edition ရဲ့ ကျောဘက် panel နဲ့ LED မီးဒီဇိုင်းဟာ Gaming PC ဒီဇိုင်းဆန်ပါတယ်။ back panel ဟာ အတွင်းပစ္စည်းတွေ မြင်ရသယောင် ဖန်တီးထားပေမယ့် တကယ်ထွင်းဖောက်မြင်ရတာတော့ မဟုတ်ပါဘူး ။ စိတ်ဝင်စားစရာကောင်းတာက fan နဲ့ အလင်း pattern လှိုင်းလေးတွေ ပြေးနေအောင် လုပ်ထားတာ ဖြစ်ပါတယ်။ 

ဒီဖုန်းဟာ မတ်လထဲမှာ မိတ်ဆက်ခဲ့တဲ့ Nubia Red Magic 5G အတိုင်း ၆.၆၅ လက်မ AMOLED display နဲ့လာပြီး 144Hz Refresh rate ၊ 240Hz touch-sensing နည်းပညာတွေ ထည့်ထားပါတယ်။ ဂိမ်းဖုန်းတစ်လုံးအနေနဲ့ ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းဖွဲ့စည်းမှုကို ကျောဘက်မှာ သိသိသာသာ မြင်နိုင်ပါတယ်။ ရိုးရိုး Nubia Red Magic 5G လိုပဲ ဖုန်းကျောဘက်ဘေးဘောင်မှာ 5G လို့ ထွင်းထားပါတယ်။





display အောက်မှာ optical fingerprint scanner နဲ့ အပေါ်ဘက်မှာ 8MP selfie ကင်မရာ သုံးထားပါတယ်။ X55 Modem ပါ Snapdragon 865 processor နဲ့လာပြီး ကျောဘက်မှာ 64MP main sensor ၊ 8MP ultra-wide နဲ့ 2MP macro lens တွေ သုံးထားပါတယ်။ RAM 16GB နဲ့အတူ Onboard storage 256GB ဟာ အမြင့်ဆုံးမော်ဒယ်ပါ။

တရုတ်ဈေးကွက်မှာပဲ ရောင်းချသွားမှာ ဖြစ်ပြီး ၅၁၉၉ ယွမ် (မြန်မာငွေ ၁၀ သိန်းကျော်) သတ်မှတ်ထားပါတယ်။ 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က