Redmi Note 7 ကို ယှဉ်နိုင်မလား
Nyein Min Wai

     တန်ဖိုးသင့် စမတ်ဖုန်းတွေကို မိတ်ဆက်လာနေတဲ့ Realme brand ဟာ မကြာသေးခင်က ခေတ်စားလာနေတဲ့ 48MP ကင်မရာကို သုံးမယ့် ဖုန်းကို ဒီနှစ်ဆန်းပိုင်းမှာ မိတ်ဆက်သွားမယ်လို့ဆိုပါတယ်။

Realme မိတ်ဆက်ပွဲတစ်ခု ( Photo:Mr Phone )



         mi killer ဆိုတဲ့ မျှော်လင့်ချက်နဲ့Xiaomi mi series တွေကို ဖိုက်မယ်ဆိုတဲ့ Realme brand ဟာ ပြည်တွင်းဈေးကွက်ထဲပါ ရောက်လာနေတဲ့ ဖုန်းအမှတ်တံဆိပ်တစ်ခုပါ။ ၂၀၁၉ မှာ ပွဲဦးထွက်ဖုန်းအဖြစ် မိတ်ဆက်သွားမယ့် Realme 3 ဟာ နောက်သုံးလဆိုရင် မိတ်ဆက်သွားမယ်လို့ဆိုပါတယ်။ ဒီဖုန်းအကြောင်း အချက်အလက် ပြည့်ပြည့်စုံစုံ မသိရသေးပေမယ့် 48MP ကင်မရာကို သုံးသွားမယ်လို့သတင်းထွက်နေပါတယ်။

         Realme ကနေ ပြိုင်ဘက်လို့သတ်မှတ်ထားတဲ့ Xiaomi ဟာ ပြီးခဲ့တဲ့ တစ်ပတ်ကပဲ Redmi Note 7 နာမည်နဲ့48MP ပါတဲ့ ဖုန်းသစ်တစ်မျိုးကို ကြေငြာထားပါတယ်။ ဒေါ်လာ ၁၅၀ တန် ဒီဖုန်းဟာ Xiaomi ရဲ့ အလတ်စားမော်ဒယ်တွေထဲမှာ အထူးခြားဆုံး ဖုန်းလို့ပြောနိုင်ပြီး အားလုံး အံ့အားသင့်စေတဲ့ ဖုန်းအဖြစ် ထွက်လာခဲ့တာပါ။

         Realme အနေနဲ့Redmi Note 7 ကို ဖိုက်ဖို့ဆိုရင် ဒီဖုန်းနဲ့အနီးစပ်ဆုံး ယှဉ်နိုင်မယ့် specs တွေကို Realme 3 မှာ မဖြစ်မနေ သုံးရတော့မှာ ဖြစ်ပါတယ်။ upper mid-range မော်ဒယ်အဖြစ် မြင်ရမယ့် Realme 3 မှာ သေချာတာကတော့ triple ကင်မရာနဲ့punch hole ဆယ်လ်ဖီကင်မရာပေါက်စနစ်ကို သုံးမှာ မဟုတ်ဘူးလို့လည်း Realme India ရဲ့ CEO မက်ဒ်ဟတ်ရှက်သ်က Indian Express မီဒီယာကို ပြောထားပါတယ်။

         48MP ကင်မရာကို သုံးမယ်ဆိုတဲ့ အချက်ကပဲ Realme 3 ရဲ့ အဓိက key feature ပဲ ဖြစ်မှာပါ။ အခုချိန်ထိတော့ Sony IMX586 sensor သုံးထားတဲ့ 48MP ကင်မရာ ပါတဲ့ ဖုန်းက Huawei Nova 4 ၊ Honor View 20 ၊ Xiaomi Redmin Note 7 နဲ့Samsung ရဲ့ 48MP ကင်မရာသုံးထားတဲ့ HiSense U30 တို့ပဲ ဈေးကွက်မှာ ရှိထားတာ ဖြစ်ပါတယ်။

Photo: gizmochina

         ဈေးကွက်ထဲ ရောက်တာ တစ်နှစ်မပြည့်သေးတဲ့ Realme ဟာ ၇ လအတွင်း စမတ်ဖုန်းပေါင်း ၄ သန်းအထိ ရောင်းချနိုင်ခဲ့ပြီလို့ကြေငြာထားပါတယ်။ လက်ရှိအချိန်ထိတော့ Realme ဖုန်းတွေရဲ့ ဈေးနှုန်းဟာ အမြင့်ဆုံးမှ မြန်မာငွေ ၃ သိန်း ပတ်ချာလည်မှာပဲ ရှိနေပါတယ်။

      


ဆက်စပ်အကြောင်းအရာများ


Author

  • Nyein Min Wai

    Content Writer (Duwun Tech)


က္က