ဘေဂျင်းမှာ မိတ်ဆက်သွားမှာပါ

တန်ဖိုးသင့် mid-range ဖုန်းတွေပဲ ထုတ်လုပ်ဖြန့်ချိထားတဲ့ Realme ဟာ ဒီလထဲမှာ notchless display နဲ့ပရီမီယံ specs တွေ ပါဝင်တဲ့ ဖုန်းသစ်တစ်မျိုးကို မိတ်ဆက်သွားတော့မှာပါ။

         RMX 1901 မော်ဒယ်နံပါတ်နဲ့TENAA ပေါ် ရောက်လာခဲ့တဲ့ ဒီဖုန်းကို Realme X လို့ခေါ်သွားဖို့ရှိပြီး notch လုံးဝမသုံးတဲ့ ဖုန်းအဖြစ် မြင်ရဖို့ရှိပါတယ်။ Realme X ဟာ မှန်ပြင်အောက်လက်ဗွေစနစ်နဲ့လာမယ်လို့သတင်းထွက်နေတာကြောင့် OLED ဒါမှမဟုတ် AMOLED display ကို သုံးသွားဖို့လည်း ရှိနေပါတယ်။

Photo: xda-developers



         ပေါက်ကြားလာတဲ့ ပုံတွေအရ notch မသုံးတဲ့ ဖုန်းအဖြစ် မြင်နေရတာကြောင့် Realme X ဟာ OPPO Find X တို့လို slider ကင်မရာစနစ်နဲ့လာမလား ၊ ဒါမှမဟုတ် pop-up selfie စနစ်နဲ့လာမလား ဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ မျက်နှာပြင် ၆.၅ လက်မအရွယ်အစား ရှိမယ့် Realme X ဟာ ကျောဘက်မှာ ထောင်လိုက် dual lens ကို သုံးသွားဖို့ရှိပြီး 48MP main camera ပါလာမယ်လို့လည်း သတင်းထွက်ထားပါတယ်။

         နောက်ထပ် ကြားရတဲ့ သတင်းတွေထဲမှာတော့ Realme X ဟာ Qualcomm ရဲ့ mid-range processor သစ်ဖြစ်တဲ့ Snapdragon 730 SoC ကို ပထမဆုံး သုံးတဲ့ ဖုန်းဖြစ်ဖို့ရှိတာကြောင့် upper mid-ranger အနေနဲ့လည်း တွေ့ရဖို့ရှိပါတယ်။ ဒီဖုုန်းမှာ OPPO ရဲ့ အားသွင်းနည်းပညာဖြစ်တဲ့ VOOC 3.0 fast charging သုံးထားဖို့ရှိတဲ့ 3680 mAh ဘက်ထရီလည်း ပါဝင်လာမယ်လို့ယူဆရပါတယ်။

Photo: PhoneRadar

         Realme X ကို တရုတ်ဈေးကွက်မှာ လာမယ့် မေလ ၁၅ ရက်နေ့စတင်မိတ်ဆက်သွားမယ်လို့ကြေညာထားပြီး တရုတ်အွန်လိုင်း အရောင်းစတိုးတွေ ဖြစ်တဲ့ JD.com ၊ Suning နဲ့TMall တို့မှာလည်း ဝယ်ယူနိုင်မှာပါ။ ဘေဂျင်းမှာ တရားဝင် မိတ်ဆက်မယ့် Realme X ပွဲမှာ Light version အနေနဲ့Realme X Youth Edition သို့မဟုတ် Realme X Lite တို့လည်း ကြေညာသွားဖို့ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က