loading...

loading...

loading...

အမေရိကန်ဈေးကွက်မှာ ဖြန့်ချိထားတာပါ
Nyein Min Wai

QWERTY ကီးဘုတ်နဲ့လာတဲ့ နာမည်ကျော် BlackBerry Key2 ဟာ အမေရိကန်ဈေးကွက်မှာ အနီရောင်ဗားရှင်းနဲ့ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။


         BlackBerry brand တွေကို ထုတ်လုပ်နေတဲ့ TCL ဟာ ပြီးခဲ့တဲ့နှစ်ထဲမှာ BlackBerry Key2 ကို အနက်နဲ့ငွေကာလာ ၂ ရောင်နဲ့စတင် မိတ်ဆက်ခဲ့တာပါ။ အနီရောင်မော်ဒယ်အနေနဲ့ဈေးပိုသက်သာတဲ့ BlackBerry KEy2 LE မှာ မိတ်ဆက်ခဲ့တာ ဖြစ်ပြီး high-end မော်ဒယ်မှာတော့ Red Edition ကို အခုမှ စတင် ကြေညာခဲ့တာ ဖြစ်ပါတယ်။ BlackBerry Key2 ဟာ နိုင်ငံ ၅၂ နိုင်ငံက ဒီဇိုင်းပြိုင်ပွဲဝင်ခွင့်ရဖုန်း ၆၃၇၅ ခုထဲကနေ iF Design Award ဆု ရွေးချယ်ခံထားရတဲ့ ဖုန်းပါ။

         ဒီဖုန်းဟာ BlackBerry Key series တွေထဲမှာ ပထမဆုံး dual cameras သုံးလာတဲ့ ဖုန်း ဖြစ်သလို keyboard ရဲ့ လုပ်ဆောင်ချက်သစ်များလည်း ထည့်သွင်းထားတဲ့ ဖုန်းဖြစ်ပါတယ်။touch screen အရွယ်အစား ၄.၅ လက်မနဲ့လာပြီး ကီးဘုတ်မှာ သုံးထားတဲ့ ခလုတ်တွေကို စာရိုက်ရ ပိုလွယ်အောင် ၂၀% မြှင့်လာပါတယ်။ BlackBerry Key2 ဟာ mid-range ဖုန်းတွေမှာ အတွေ့များတဲ့ Snapdragon 660 SoC ကို သုံးထားတာပါ။

Photo: 9to5Google

         ကျောဘက်မှာ 12MP dual cameras သုံးထားပြီး optical zooming နဲ့နောက်ခံဘက်ဂရောင်းဝါးပေမယ့် portrait shots တွေ ရိုက်ကူးနိုင်မှာပါ။ ရှေ့ဘက်မှာတေ့ာ 1080p ဗွီဒီယိုတွေနဲ့ပုံထွက်ကောင်းတဲ့ ဆယ်ဖီတွေ ဆွဲနိုင်မယ့် 8MP ကင်မရာတို့ကို သုံးသွားတာ ဖြစ်ပါတယ်။ 7000 series အလူမီနီယံကိုယ်ထည်နဲ့တည်ဆောက်ထားတဲ့ Red Edition မှာတော့ package ဒီဇိုင်းသစ်နဲ့လာပြီး အထဲမှာ BlackBerry အမှတ်တံဆိပ် အနီရောင်နားကြပ်လည်း ထည့်ပေးထားပါတယ်။

         အမေရိကန်ဈေးကွက်မှာ ဒီ Edition သစ်ကို ၆၉၉ ဒေါ်လာ (မြန်မာငွေ ၁၀ သိန်းကျော်) ဈေးနဲ့ရောင်းချနေတယ်လို့ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


loading...

က္က