warranty ကာလလည်း တိုးပေးထားပါတယ်။
Nyein Min Wai

       Xiaomi ဟာ တန်ဖိုးနည်း upper mid-range ဖုန်းသစ်ဖြစ်တဲ့ Redmi Note 7 ကို မိတ်ဆက်စဉ်က ဒီဖုန်းရဲ့ အရေးကြီးတဲ့ feature တစ်ခုကို ကြေညာဖို့မေ့ကျန်ခဲ့ပါတယ်။


         Redmi ရဲ့ နောက်ထပ် sub-brand သစ်အဖြစ် ပထမဆုံး ထွက်လာတဲ့ ဒီဖုန်းရဲ့ ရေစို/ဖုန်တင်ခံနိုင်နှုန်း ဖြစ်ပါတယ်။ Redmi Note 7 မှာ ရေစိုဖုန်တင်ခံနိုင်တဲ့ IP certification နဲ့မလာပေမယ့် တော်ရုံရေစိုဒဏ်ကို ခံနိုင်အောင် ထုတ်ထားတယ်လို့ကုမ္ပဏီရဲ့ ဥက္ကဌ Lei Jun ဟာ သူ့ရဲ့ တရားဝင် Weibo အကောင့်ကနေ ကြေညာလိုက်ပါတယ်။

         Redmi Note 7 ရဲ့ ခလုတ်တွေဟာ ရေစိုခံနိုင်မယ့် seal design နဲ့ ထုတ်ထားတယ်လို့ဆိုပါတယ်။ Xiaomi ရဲ့ R&D အဖွဲ့ဟာ ဒီဖုန်းရဲ့ နားကြပ်ပေါက် ၊ စပီကာနဲ့ အားသွင်းပေါက်တွေမှာ ရေဝင်တဲ့ ဒဏ်ခံနိုင်ရည် ရှိအောင်လို့ရာဘာပြားတွေနဲ့ဒီဇိုင်းထုတ်ပေးထားတာပါ။ IP rating မရပေမယ့် ဒီဖုန်းဟာ OnePlus 6 နဲ့OnePlus 6T တို့လိုပဲ တော်ရုံ ရေစင်တာမျိုးကို ခံနိုင်မှာ ဖြစ်ပါတယ်။

         Xiaomi ဟာ brand သစ်ဖြစ်တဲ့ Redmi Note 7ရဲ့ တစ်ခြား ပရီမီယံဖုန်းတွေလိုပဲ quality test တွေ လုပ်ထားပြီး အာမခံ warranty ကာလကို ၁၂ လကနေ ၁၈ လအထိ ပေးထားတယ်လို့Lei Jun က ဆိုပါတယ်။ ဇန်နဝါရီ ၁၀ ရက်နေ့က စတင် မိတ်ဆက်ခဲ့တဲ့ Redmi Note 7 ဟာ ပရီမီယံ specs တွေနဲ့လာတဲ့ mid-range ဖုန်းဖြစ်ပြီး 48MP ကင်မရာကို ပထမဆုံး သုံးသွားတာပါ။

         Sony IMX586 sensor ပါတဲ့ 48MP ကင်မရာနဲ့အတူ ကျောဘက်မှာ portrait mode နဲ့AI Function တွေ အတွက် 5MP ကင်မရာသုံးထားတာ ဖြစ်ပြီး ကျောဘက်မှာ fingerprint ထည့်သွင်းထားပါတယ်။ မျက်နှာပြင် ၆.၃ လက်မ FullHD+ display နဲ့လာတဲ့ ဒီဖုန်းဟာ မျက်နှာပြင်နဲ့လိုက်အောင် 4000 mAh အကြီးစား ဘက်ထရီကို သုံးထားပါတယ်။ ဘက်ထရီအားသွင်းစနစ်မှာ ထူးခြားတာက Quick Charge 4.0 စနစ်ကို သုံးထားတာ ဖြစ်လို့ရိုးရိုးအားသွင်းမှုထက် ၄ ဆ ပိုပြီး အားသွင်းရ မြန်ဆန်မယ့်ဖုန်းလို့ပြောရမှာပါ။

Photo: GSMArena

         RAM/storage ဗားရှင်း ၃ မျိုးနဲ့လာတဲ့ ဒီဖုန်းကို တရုတ်ဈေးကွက်မှာ မိတ်ဆက်ထားပြီး ၉၉၉ ယွမ် (မြန်မာငွေ ၂ သိန်း ၂ သောင်းကျော်) ကနေ ၁၃၉၉ ယွမ် (မြန်မာငွေ ၃ သိန်းကျော်) ဈေးတွေနဲ့ဇန်နဝါရီ ၁၅ ရက်နေ့မှာ ရောင်းချသွားမယ်လို့ဆိုပါတယ်။


Author

  • Nyein Min Wai

    Content Writer (Duwun Tech)


က္က