တရုတ်မှာပဲ ပေးသွားမှာပါ

     အိန္ဒိယမှာပဲ တရားဝင် မိတ်ဆက်ရသေးတဲ့ Redmi Note 7 Pro ကို Xiaomi ဟာ Give Away ပေးမယ်လို့ဆိုပါတယ်။         



         Sony IMX586 sensor သုံးထားတဲ့ 48MP ကင်မရာသုံး Redmi Note 7 Pro ဟာ အိန္ဒိယမှာ အနည်းဆုံး ၁၄၉၉၉ ရူပီး (မြန်မာငွေ ၃ သိန်းခန့်) ကနေ ၁၆၉၉၉ ရူပီး (မြန်မာငွေ ၃ သိန်းခွဲနီးပါး) ဈေးနဲ့ရောင်းချနေတဲ့ ဖုန်းတစ်လုံးပါ။ Xiaomi ကတော့ ဒီဖုန်းကို မဖြန့်ရသေးတဲ့ တရုတ်ဈေးကွက်မှာ ကံစမ်းမဲဖောက်ပေးဖို့စီစဉ်နေပြီး စုစုပေါင်း Redmi Note 7 Pro အလုံးရေ ၁၀၀ အထိ ပေးသွားမယ်လို့GSMArena သတင်းမှာ ဖော်ပြထားပါတယ်။

Photo: gizmochina

         ဒီအစီအစဉ်မှာ ပါဖို့အတွက် အရင်ဆုံး Mi account ထဲ ဝင်ပြီး Xiaomi ကို ဒီပြိုင်ပွဲအတွက် စိတ်ဝင်စားကြောင်း စာပို့ရမှာပါ။ အချက်အလက်အနေနဲ့ကိုယ့်ရဲ့ နာမည် ၊ ကျား/မ ၊ အသက် ၊ ဖုန်းနံပါတ် နဲ့အီးမေးလိပ်စာအပြင် ကိုယ့်ရဲ့ Weibo နဲ့Xiaomi အကောင့်က user name တွေ ဖြည့်ပေးရမှာ ဖြစ်ပါတယ်။ ဒီထဲမှာ ထူးခြားတာက ကိုယ့်မှာ follower ဘယ်လောက် ရှိတယ်ဆိုတဲ့ အချက်ပါ ထည့်ပေးရမျာ ဖြစ်လို့social media မှာ followers များသူတွေက Redmi Note 7 Pro တစ်လုံး ပိုင်ဖို့အခွင့်အရေး ပိုများမှာပါ။

         Give Away အစီအစဉ်မှာ ရွေးချယ်ခံရသူဟာ ဒီဖုန်းရဲ့ ကင်မရာ ၊ အသံနဲ့ဂိမ်း performance တွေလို features တွေကို စမ်းသပ်ရမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ဟာ တရုတ်ပြည်မကြီးမှာ နေထိုင်သူတွေကိုပဲ ကန့်သတ်ထားတာပါ။ Redmi Note 7 Pro ကို မတ်လ ၂ ရက်နေ့က အိန္ဒိယမှာ စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပြီး တရုတ်ဈေးကွက်မှာတော့ မတ်လ ၁၈ ရက်နေ့မှ ကြေညာသွားမှာ ဖြစ်ပါတယ်။

         Redmi Note 7 ကို ဗားရှင်းမြှင့်ထားတဲ့ Pro မော်ဒယ်ဟာ မျက်နှာပြင် ၆.၃ လက်မ FullHD+ waterdrop notch display နဲ့လာပြီး processor အနေနဲ့မှာ 2GHz octa-core Snapdragon 675 processor သစ်နဲ့Adreno 612 GPU ပါရှိပါတယ်။ RAM / storage ပိုင်းမှာ 4GB/64GB နဲ့6GB/128GB ဆိုပြီး မော်ဒယ်နှစ်မျိုး ထွက်ထားပြီး Give Away မှာ ဘယ်မော်ဒယ်ကို မဲဖောက်ပေးမလဲ မသိရသေးပါဘူး။

Photo: thenewsminute

         Redmi Note 7 Pro ဟာ ကျောဘက်မှာ 48MP main ကင်မရာနဲ့အတူ 5MP depth sensor ပါပြီး ရှေ့ကင်မရာကတော့ 13MP ကင်မရာ သုံးထားတာပါ။ ဘက်ထရီပိုင်းမှာ အရင်မော်ဒယ်လိုပဲ USB Type C port ၊ 4000 mAh အကြီးစားဘက်ထရီနဲ့အတူ မိနစ် ၄၀ အတွင်း အား ၅၀% အထိ သွင်းနိုင်တဲ့ Quick Charge 4.0 နည်းပညာကြောင့် ဘက်ထရီပါဝါအားခံမယ့် ဖုန်းလို့အလွယ်ပြောနိုင်ပါတယ်။

         ဒီဖုန်းကို Nebula Red ၊ Neptune Blue နဲ့Space Black ကာလာ ၃ ရောင်နဲ့ထုတ်ထားပြီး မကြာခင်မှာ နိုင်ငံတကာ ဈေးကွက်ထဲ ရောင်းချသွားဖို့ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က