သက်တမ်း ၅ နှစ်အထိ ရှိနေတဲ့ ဖုန်းဟောင်းတွေကိုပါ update ပေးခဲ့တာပါ။

Xiaomi ဟာ ဖုန်းသစ်တွေတင်မဟုတ်ဘဲ ဖုန်းဟောင်းတွေကိုပါ နောက်ဆုံးထွက် update တင်ပေးတဲ့ ဖုန်းကုမ္ပဏီအနေနဲ့နာမည်ကြီးပေမယ့် ဒီအစဉ်အလာ အဆုံးသတ်ဖို့ရှိပါတယ်။

         

         ဧပြီ ၄ ရက်နေ့ ကစပြီး Xiaomi Redimi series စမတ်ဖုန်း ၇ မျိုးအတွက် ဆော့ဖ်ဝဲလ် support ပေးမှု ရပ်ဆိုင်းလိုက်ပြီလို့Xiaomi ဖိုရမ်တွေမှာ ကြေညာထားပါတယ်။ ဒီဖုန်းတွေထဲမှာ Xiaomi Redmi Note 4 ၊ Redmi 3S ၊ Redmi 3X ၊ Redmi 4 ၊ Redmi 4A ၊ Redmi Note 3 နဲ့Redmi Pro တို့ပါပြီး ဒီဖုန်းတွေဟာ MIUI 11 သစ် ရမှာ မဟုတ်တော့ပါဘူး။



Photo: Digit


         Mi Community တွေကနေ ကြေညာချက်အရ ဒီဖုန်းတွေမှာ Global Developer ROM ပေးတာ ရပ်ဆိုင်းထားပေမယ့် ပုံမှန် security updates တွေတော့ ရနိုင်မှာ ဖြစ်တယ်လို့ဆိုပါတယ်။ တစ်ခုရှိတာက ဒီ security updates ပေးမှုကလည်း သိပ်အကြာကြီး ဖြစ်ဖို့မရှိပါဘူး။ MIUI 11 ဟာ user experience ပိုင်းမှာ ပိုမိုကောင်းမွန်စေဖို့ads တွေ ဖယ်ရှားသွားမယ်လို့ဆိုပါတယ်။

         Xiaomi ဟာ ကုမ္ပဏီရဲ့ ကိုယ်ပိုင် apps တွေ ရေးဆွဲတဲ့ စရိတ်စကကို ပြန်ဖာဖို့အတွက် MIUI ဆော့ဖ်ဝဲလ်ထဲမှာ ads တွေ ထည့်သွင်းနေတာပါ။ MIUI 11 မှာ မသင့်တောတဲ့ ads တွေနဲ့users တွေ စိတ်အနှောင့်အယှက်မဖြစ်စေဖို့ဖယ်ရှားသွားမှာ ဖြစ်ပြီး WeChat / QQ call records လုပ်နိုင်တဲ့ feature ၊ SMS/ပုံနဲ့ဖိုင်တွေကို ၃ ရက်ကြာရင် အလိုအလျောက် ဖျက်သွားပေမယ့် local recycle bin စနစ်တို့ပါလာမယ်လို့ဆိုပါတယ်။          


         MIUI 11 ပံ့ပိုးပေးမယ့် ဖုန်းတွေထဲမှာ Xiaomi Mi A1/A2/A2 Lite ၊ Xiaomi Mi 6X ၊ Xiaomi Mi 8 series ၊ Xiaomi Mi Max 3 ၊ Xiaomi Mi Mix 2/2S ၊ Xiaomi Mi Note 3 နဲ့Xiaomi Mi Pad 4/Plus တို့ပါဝင်နေပါတယ်။ ဒါ့အပြင် Redmi series များထဲမှ Redmi Note 5 / Note 5 Pro ၊ Redmi 6 Pro ၊ Redmi Y2 ၊ Redmi S2 နဲ့Redmi 5 တို့လည်း MIUI 11 update ရမယ်လို့သတင်းထွက်ထားပြီး မကြာခင်မှာ MIUI 11 update ရမယ့် ဖုန်းစာရင်းကို Xiaomi မှ ကြေညာသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က