ဒေါ်လာ ၁၀၀-၁၂၀ သက်သာပါတယ်

ဈေးသက်သာတဲ့ iPhone XR (Refur) အလုံးများကို အမေရိကန်ပြည်ထောင်စုမှာ ပထမဆုံးအကြိမ် ရောင်းချနေပြီ ဖြစ်ပါတယ်။

Apple ရဲ့ ထောက်ခံချက်ပါ Refur ပြန်ထုတ်ထားတဲ့ iPhone XR မော်ဒယ်တွေမှာ ပျမ်းမျှအားဖြင့် လက်ရှိ Brand-new အလုံးတွေထက် ၁၆% ဈေးပိုသက်သာပါတယ်။ ပုံမှန်ဈေးထက် ဒေါ်လာ ၁၀၀-၁၂၀ သက်တာတာ ဖြစ်ပါတယ်။ 64GB ၊ 128GB storage တွေအပြင် အနက်ရောင်တစ်မျိုးတည်းနဲ့ ဝယ်လို့ ရမယ့် 256GB storage လည်း ထွက်ထားပါတယ်။



Photo: GSMArena

iPhone XR (Refur) အလုံး 64GB မော်ဒယ်ဟာ လက်ရှိပေါက်ဈေး ၅၉၉ ဒေါ်လာကနေ ၄၉၉ ဒေါ်လာ ၊ 128GB မော်ဒယ်ကို လက်ရှိအသစ်ပေါက်ဈေး ၆၄၉ ဒေါ်လာကနေ ၅၃၉ ဒေါ်လာနဲ့ 256GB မော်ဒယ်ကို ၇၄၉ ဒေါ်လာကနေ ၆၂၉ ဒေါ်လာ ဈေးချပြီး ရောင်းလာတာ ဖြစ်ပါတယ်။ ၂၀၁၈ မှာ စပြီး မိတ်ဆက်ချိန်က iPhone XR အနိမ့်ဆုံးမော်ဒယ်ဟာ ၇၄၉ ဒေါ်လာ ကျသင့်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းမှာ Apple ဟာ Refur မော်ဒယ် iPhone XS နဲ့ iPhone XS Max တို့ကို Apple အွန်လိုင်းစတိုးတွေမှာ စတင်ရောင်းချခဲ့ပါတယ်။ Refur အဖြစ် ပြန်ထုတ်လိုက်တဲ့ iPhone တွေဟာ Apple ရဲ့ ထောက်ခံချက်နဲ့ စမ်းသပ်စစ်ဆေးမှု လုပ်ပြီးမှ ဗူးအဖြူအသစ်နဲ့ ပြန်ထုတ်ပိုးထားတာပါ။ Refur မော်ဒယ်တွေအတွက် တစ်နှစ် အာမခံ warranty ပေးထားပါတယ်။ 

Photo: macrumors


ဒေါ်လာ ၄၀၀ တန် iPhone SE (2020) ဈေးကွက်ထဲ ဝင်ရောက်ချိန်မှာ ဒေါ်လာ ၅၀၀ တန် iPhone XR ကို စိတ်ဝင်စားမှု နည်းနိုင်ပါတယ်။ မျက်နှာပြင် ၄.၇ လက်မအရွယ်အစားကို မကြိုက်သူတွေအတွက်တော့ မျက်နှာပြင် ၆.၁ လက်မအရွယ် iPhone XR က ရွေးချယ်စရာပါ။ နောက်တစ်ချက်က iPhone XR ဟာ iPhone SE သစ်လို A13 chipset မဟုတ်ပေမယ့် FaceID စနစ်နဲ့ ပိုပြီး သေးငယ်တဲ့ bezel တွေ သုံးထားပါတယ်။

နောက်တစ်ချက်က မျက်နှာပြင်ကြီးသလို ဘက်ထရီပါဝါ ပိုကြီးတဲ့ အားသာချက်လည်း ရှိပါတယ်။ အနည်းဆုံးတော့ ၂၀၁၈ မော်ဒယ် iPhone XR ကို ဈေးသက်သက်သာသာနဲ့ ကိုင်ချင်သူတွေအတွက် Refur မော်ဒယ်ဟာ စိတ်ဝင်စားစရာ ဖြစ်နေမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က