ဈေးနှုန်း မသိရသေးပါဘူး။

Galaxy S10 series နဲ့အတူ ကြေညာခဲ့တဲ့ Samsung S10 5G ဗားရှင်းကို ဧပြီလ ၅ ရက်နေ့မှာ ဝယ်ယူနိုင်တော့မှာပါ။

Photo: Malay Mail



         ဖေဖော်ဝါရီ ၂၀ ရက်နေ့က မိတ်ဆက်ခဲ့ပေမယ့် မိတ်ဘက် တယ်လီကွန်းအော်ပရေတာများနဲ့တောင်ကိုရီးယားအစိုးရအကြား ညှိနှိုင်းမှုတွေ လုပ်နေရတာကြောင့် ဒီဖုန်းဟာ ဈေးကွက်ထဲ ရောက်ဖို့ဒီလောက်အထိ ကြန့်ကြာခဲ့တာလို့ဆိုပါတယ်။ အခုတော့ Galaxy S10 5G ဟာ ဈေးကွက်ထဲ ဝင်ဖို့အသင့်ဖြစ်နေပြီလို့ကုမ္ပဏီဘက်က ကြေညာထားပါတယ်။ တစ်ခုရှိတာက Galaxy S10 5G ကို တောင်ကိုရီးယားမှာပဲ ဖြန့်ချိဦးမှာပါ။

         Yonhap News အရ ဒီဖုန်းကို pre-order မှာလို့ရမယ့် အစီအစဉ်ရှိမှာ မဟုတ်ဘူးလို့ဖော်ပြထားပါတယ်။ Galaxy S10 5G ဟာ အမေရိကန်ဈေးကွက်ထဲကိုလည်း ဧပြီလမှာ ဝင်ရောက်ဖို့ရှိပါတယ်။ အမေရိကန်မှာတော့ Verizon ကနေပဲ သီးသန့်အနေနဲ့စတင်ရောင်းချသွားမှာပါ။ Verizon ကတော့ သူ့ရဲ့ 5G ကွန်ရက်ကို ဧပြီ ၁၁ မှာ ဖြန့်ကျက်သွားမယ်လို့အတည်ပြုထားပါတယ်။

         5Gကို ကမ္ဘာပေါ်မှာ ပထမဆုံး သုံးတဲ့ တောင်ကိုရီးယားကတော့ SK Telcom ၊ LG Uplus နဲ့KT တယ်လီကွန်းများကနေ ဦးဆောင်ပြီး ဒီဇင်ဘာ ၁ ရက်နေ့မှာ မိတ်ဆက်ခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံတော်တော်များများမှာ 5G ကွန်ရက်အဆင့်ကို လှမ်းဖို့အဆင်သင့်မဖြစ်သေးပေမယ့် Huawei နဲ့Samsung တို့ဟာ 5G စမတ်ဖုန်းတွေ မိတ်ဆက်ထားပြီ ဖြစ်ပါတယ်။

Photo:wccftech

         Samsung Galaxy S10 5G ဟာ 4G ရော 5G ပါ နှစ်မျိုးစလုံး ရတဲ့ ဖုန်းဖြစ်ပြီး download speed ကို 2Gbps နှုန်းအထိ ရမယ်လို့ကုမ္ပဏီက ဆိုပါတယ်။ upload speed မှာတော့ ဒီဖုန်းဟာ 150Mbps နှုန်းနဲ့တင်နိုင်ပြီး RAM 8GB/256GB storage ဗားရှင်းတစ်မျိုးတည်းနဲ့ထွက်ထားတာ ဖြစ်ပါတယ်။ တစ်ခြား Galaxy S10 / S10 Plus တို့လိုပဲ ဒီဖုန်းဟာ ultrasonic fingerprint scannere သုံးလာပြီး မျက်နှာပြင် ၆.၇ လက်မ curved Dynamic AMOLED display နဲ့လာတာပါ။

         SK Telecom ကနေ ဒီဖုန်းရဲ့ ကွန်ရက် speed testလုပ်ရာမှာ data speed အနေနဲ့2.6Gbps အထိ တက်လာတဲ့ ရလဒ်ကောင်း ရထားပါတယ်။ Galaxy S10 5G ဖုန်းမှာ သုံးထားတဲ့ 5G စစ်စစ်ကတော့ 1.5Gbps အထိ ရှိပြီး ကျန်တဲ့ data speed 1.15Gbps ကတော့ LTE ကနေ ဆွဲတာ ဖြစ်တယ်လို့ဆိုပါတယ်။ ဈေးကွက်မှာ ဒီဖုန်းရဲ့ အမြင့်ဆုံး data speed ဟာ 2.7GHz အထိ ရှိမယ်လို့လည်း သတင်းထွက်ထားပါတယ်။

         Galaxy S10 5G ရဲ့ ဈေးနှုန်း တရားဝင်မသိရသေးပေမယ့် ဈေးကွက်တွင်းမှာ ဒီဖုန်းကို ဝမ် ၁.၅ သန်း (မြန်မာငွေ သိန်း ၂၀ ကျော်) နဲ့ရောင်းချသွားမယ်လို့ခန့်မှန်းနေကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က