၂၀၁၉ နှစ်ကုန်ပိုင်း စမတ်ဖုန်းတွေမှာ မြင်ရတော့မှာပါ

     ဘောင်လုံးဝထားစရာ မလိုတဲ့ display နည်းပညာသစ်ကို Samsung ဟာ လာမယ့် ဇန်နဝါရီလဆန်းပိုင်းမှာ ကျင်းပမယ့် CES 2019 ပွဲမှာ သရုပ်ပြမိတ်ဆက်ဖို့ရှိပါတယ်။



Photo: sammobile

         မကြာသေးမီကပဲ notch ကို ရှောင်လွဲှနိုင်မယ့် Infinity O ဒီဇိုင်းကို မိတ်ဆက်ခဲ့ပြီးနောက် Samsung ဟာ ၂၀၁၉ မှာ စမတ်ဖုန်းထဲကနေ အသံထုတ်လွှင့်နိုင်မယ့် Sound on Display နည်းပညာကို သုံးသွားမယ်လို့Sam Mobile သတင်းမှာ ဖော်ပြထားပါတယ်။ Sound on Display နည်းပညာဟာ တုန်ခါမှုနဲ့ဦးခေါင်းခွံက အရိုးတွေကနေ တစ်ဆင့် အတွင်းနားထဲကို အသံပို့လွှတ်နိုင်တဲ့ နည်းပညာဖြစ်ပါတယ်။

         Sound on Display နည်းပညာနဲ့ပတ်သက်ပြီး Samsung ကုမ္ပဏီဘက်မှ အသေးစိတ် ထုတ်ပြန်ပြောကြားခြင်း မရှိသေးပေမယ့် ဒီနည်းပညာဟာ ဖုန်းမှန်ပြင်ကို စပီကာလို အသုံးပြုနိုင်မယ့် နည်းပညာလို့အကြမ်းဖျဉ်းပြောနိုင်ပါတယ်။ notch မလိုတော့တဲ့ Sound on Display နည်းပညာကြောင့် Samsung ဖုန်းတွေမှာ မှန်ပြင်နေရာယူမှုဟာ ပိုပြီး ကျယ်လာမှာ ဖြစ်ပါတယ်။

         Sam Mobile သတင်းမှာတော့ ဒီ OLED နည်းပညာသစ်ကို CES 2019 ပွဲမှာ မိတ်ဆက်ပြီးတာနဲ့စမတ်ဖုန်းတွေမှာရော TV တွေမှာပါ အသုံးပြုသွားမယ်လို့ဆိုပါတယ်။ နှစ်ကုန်ပိုင်းမှာလည်း ဒီနည်းပညာကို သုံးထားတဲ့ ထုတ်ကုန်တွေ အများအပြား မြင်ရဖို့လည်း ရှိပါတယ်။ Samsung ရဲ့ ပြိုင်ဘက် တရုတ်စမတ်ဖုန်းကုမ္ပဏီတစ်ချို့နဲ့တောင်ကိုရီးယားမှ LG display ကုမ္ပဏီတို့လည်း CES ပွဲမှာပဲ Sound on Display OLED panel သုံး နမူနာစမတ်ဖုန်းများ ကြေငြာသွားဖို့ရှိပါတယ်။

         screen ကို စပီကာအဖြစ် သုံးတာဟာ နည်းပညာအသစ်လို့တော့ ပြောလို့မရပါဘူး။ Xiaomi Mi Mix မှာ အသံကို နားဆီ တိုက်ရိုက်ပေးပို့နိုင်ဖို့မှန်ပြင်အောက်မှာ piezolectric စပီကာတစ်ခု သုံးခဲ့သလို Vivo NEX S မှာလည်း အလားတူ နည်းပညာ သုံးခဲ့ပါတယ်။

Photo: Slash Gear

         Samsung ကတော့ Sound on Display နည်းပညာသုံး စမတ်ဖုန်းကို Galaxy Note 10 ရောက်မှ သုံးသွားဖို့ရှိပါတယ်။ အကြောင်းကတော့ နောက်ဆုံးရထားတဲ့ Samsung Galaxy S10+ ရဲ့ ပုံတွေမှာ စပီကာနေရာအတွက် သီးသန့်နေရာပေးထားတာ တွေ့ရတာကြောင့် ဖြစ်ပါတယ်။

      


ဆက်စပ်အကြောင်းအရာများ



က္က