တရုတ်မှာတော့ Galaxy A9 Star Lite အဖြစ် ရောင်းချထားပါတယ်။

Galaxy Jean ဆိုတဲ့ brand ဟာ နာမည်သာ ခပ်ဆန်းဆန်းဖြစ်နေပေမယ့် Galaxy A6+(2018) ကို နည်းနည်းပြောင်းထားတာပါပဲ။



Photo: sammobile

 

မေလထဲမှာ မိတ်ဆက်သွားခဲ့တဲ့ Galaxy A6+ ကို Galaxy Jean နာမည်နဲ့ပြန်ထုတ်လိုက်တာ ဖြစ်ပြီး တောင်ကိုရီးယားဈေးကွက်မှာ ရောင်းချနေတာပါ။ ဒီဖုန်းဟာ Galaxy A6+ အတိုင်း 18.5:9 aspect ratio မျက်နှာပြင် ၆ လက်မ FHD+ (2200 x 1080 ) display ပါရှိထားပါတယ်။ သုံးထားတဲ့ processor ကလည်း 1.8GHz octa-core processor ဖြစ်တဲ့ Snapdragon 450 SoC သုံးသွားတာ ဖြစ်ပါတယ်။

Galaxy A6+(2018) မော်ဒယ်နဲ့Galaxy Jean အကြား မတူတာဆိုလို့တစ်ခုပဲ ရှိပါတယ်။ ဒါကတော့ RAM ပမာဏပါ။ Galaxy A6+ မှာ RAM 4GB/64GB storage နဲ့လာခဲ့ပေမယ့် Jean မော်ဒယ်မှာတော့ RAM 3GB/32GB storage ကို လျှော့ထုတ်ထားပါတယ်။storage ကိုတော့ microSD card ကနေ 256GB အထိ တိုးနိုင်မှာပါ။

ကင်မရာ ၊ ဘက်ထရီ ၊ fingerprint နဲ့OS စနစ်အားလုံးကတော့ Galaxy A6+ အတိုင်းပါပဲ။ ကျောဘက်မှာ 16MP + 5 MP ကင်မရာနှစ်လုံးတွဲ စနစ်ပါရှိပြီး fingerprint reader ကတော့ dual camera ရဲ့ အောက်မှာ ထည့်ထားတာပါ။ ရှေ့ဘက်မှာ LED flash နဲ့အတူ 24MP ဆယ်လ်ဖီကင်မရာသုံးထားပြီး ဘက်ထရီပါဝါက 3500 mAh ဖြစ်ပါတယ်။

photo: GSMArena

 

Samsung ဟာ Galaxy Jean မော်ဒယ်ကို တောင်ကိုရီးယားဈေးကွက်မှာ ကိုရီးယားဝမ် ၄၄၀၀၀၀ (မြန်မာငွေ ၅ သိန်းခွဲကျော်) ဈေးနဲ့ရောင်းချသွားမှာပါ။ ဒီဖုန်းကို တရုတ်ဈေးကွက်မှာတော့ Galaxy A9 Star Lite မော်ဒယ်အဖြစ် ရောင်းချနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က