နှစ်လယ်ပိုင်းလောက် ဈေးကွက်ထဲ ရောက်ဖို့ရှိပါတယ်။

     ပြီးခဲ့တဲ့နှစ်လယ်ကတည်းက ဈေးကွက်ထဲ ဝင်ရောက်မယ်လို့သတင်းတွေ ထွက်ခဲ့တဲ့ Samsung ရဲ့ စမတ်စပီကာသစ် မိတ်ဆက်မယ့်ရက် ပြောင်းသွားခဲ့ပြီ ဖြစ်ပါတယ်။

         Samsung ဟာ ၂၀၁၈ သြဂုတ်လကတည်းက Bixby virtual အသံအကူနည်းပညာပါဝင်တဲ့ ကုမ္ပဏီရဲ့ ပထမဆုံး စမတ်စပီကာ Galaxy Home ကို ကြေညာခဲ့တာပါ။ Galaxy Note 9 ဖုန်းနဲ့အတူ နယူးယော့ခ်မြို့ဘရွတ်ကလင်းမှာ ကျင်းပခဲ့တဲ့ Unpacked event မှာ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။



Photo: VentureBeat

         Galaxy Home ဟာ စပီကာ ၆ ခုနဲ့subwoofer တစ်ခုတို့ပါပြီး ပတ်ပတ်လည် အသံစနစ်များ ပါဝင်လာပါတယ်။ အသံခိုင်းစေမှုကိုတော့ Hi Bixby လို့ခေါ်ပြီး အမိန့်ပေးနိုင်မယ့် စပီကာလည်း ဖြစ်ပါတယ်။ Samsung ဟာ Spotify နဲ့လည်း မိတ်ဘက်ပြု ပူးပေါင်းထားတာ ဖြစ်လို့သီချင်း ဝန်ဆောင်မှုပိုင်းတွေကိုလည်း Bixby အသံနည်းပညာနဲ့ရယူပေးနိုင်မှာပါ။

         ဒီစပီကာမှာ သုံးထားတဲ့ Bixby ဟာ Amazon ရဲ့ Alexa ၊ Google ရဲ့ Google Assistant နဲ့Apple Siri တို့လို စက်ရုပ် အသံနည်းပညာမျိုးဖြစ်ပြီး ၂၀၁၇ ကစလို့Samsung Galaxy စမတ်ဖုန်းနဲ့တက်ဘလက်တွေမှာ ပါဝင်လာခဲ့ပါတယ်။ Galaxy Note 9 Unpacked ပွဲမှာ ဒီစပီကာကို မိတ်ဆက်ခဲ့ပေမယ့် ဈေးကွက်ထဲ ဝင်မယ့် ရက်ကို မကြေညာခဲ့ပါဘူး။

Photo: techcrunch

         CNET နဲ့တွေ့ဆုံခဲ့တဲ့ Samsung ရဲ့ CEO ဒီဂျေကို့ချ်ကတော့ Galaxy Home ကို ၂၀၁၉ ဧပြီလထဲမှာ ဖြန့်ချိသွားဖို့ရှိတယ်လို့ပြောခဲ့ပါတယ်။ အခုချိန်ထိတော့ ကုမ္ပဏီဘက်ကနေ Galaxy Home ဈေးကွက်ထဲ ရောင်းချမယ့်ရက် မကြေညာသေးတာကြောင့် ဒီစပီကာဟာ လာမယ့် ဇွန်လကုန်ပိုင်းမှာ မိတ်ဆက်မလားလို့မျှော်လင့်နေကြပါတယ်။ Galaxy Home ရဲ့ ဈေးနှုန်းကို မသိရသေးသလို ရောင်းချမယ့်ရက်နဲ့ဖြန့်ချိမယ့် ဈေးကွက်တွေအကြောင်းကတော့ တရားဝင် မကြားသိရသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က