Samsung မှ ဒီဖြစ်ရပ်ကို စုံစမ်းနေပါတယ်

သင့်ရဲ့ Samsung ဖုန်းထဲမှာ တစ်ခြားသူတွေ မမြင်စေချင်တဲ့ ပုံတွေ ရှိရင်တော့ သတိထားရတော့မှာပါ။



gettyimages-924400762.jpg 

ပြီးခဲ့တဲ့ တစ်ပတ် Reddit ပေါ်တက်လာတဲ့ ပို့စ်တစ်ခုကို ဖတ်ကြည့်ရအောင်။

"တစ်နေ့က မနက် ၂ နာရီခွဲကြီးဗျာ ကျွန်တော့်ဖုန်းထဲက photo gallery တစ်ခုလုံး ကျွန်တော့်ကောင်မလေးဆီ ပို့ပြီး ဖြစ်သွားတာ နောက်နေ့မှ သိတယ်ဗျို့။ ကျွန်တော်သုံးတာက Galaxy S9+ ပါ ။ ဒီလို ပုံတွေ ပို့လိုက်တယ်ဆိုကလည်း ကျွန်တော့်ရဲ့ message appထဲမှာလည်း record က ကျန်မနေခဲ့ဘူး။ Tmobile logs တွေထဲ ဝင်ကြည့်မှသိတာ ။ ဘာဖြစ်တာလဲတော့ မသိဘူး"လို့Rubsumlotion အကောင့်နဲ့တင်ထားပါတယ်။

Samsung ဖုန်းကိုင်သူတစ်ချို့မှာ ဒီပြဿနာတက်တယ်ဆိုပေမယ့် သတင်းတွေကို ပြန်စီစစ်ကြည့်မယ်ဆိုရင်တော့ နောက်ဆုံးပေါ် Samsung ဖုန်းတွေမှာပဲ ဒီပြဿနာ ကြုံနေတာ တွေ့ရပါတယ်။ အထူးသဖြင့် Galaxy S9/S9+ နဲ့Note 8 ကိုင်တဲ့ သူတွေက ဒီပြဿနာကို ကွန်ပလိန်းတက်တာ အများဆုံး ဖြစ်နေပါတယ်။ သုံးစွဲသူ ခွင့်ပြုချက်မရှိဘဲ ဖုန်းထဲက ပုံတွေကို contacts တွေထဲ လျှောက်ပို့တာက မျက်လုံးပြူးစရာပါ။

တကယ်လို့ကိုယ့်ရဲ့ Samsung ဖုန်းမှာ ဒီပြဿနာ မဖြစ်စေချင်ရင်တော့ Samsung SMS settings ထဲ သွားပြီး permission ကနေတစ်ဆင့် storage ကို access ပိတ်ထားသင့်ပါတယ်။ ဒါဆိုရင်တော့ ကိုယ့်အနေနဲ့SMS ကနေ ပုံတွေ ပို့ချင်ပါတယ်ဆိုရင်တော့ ပို့ရမှာ မဟုတ်တော့လို့အဆင်ပြေမှာပါ။

 

ဒီပြဿနာအကြောင်း လူမှုကွန်ရက်တွေပေါ် ပျံ့လာပြီးတဲ့နောက်မှာ Samsung ရဲ့ နည်းပညာအဖွဲ့တွေဟာ အဖြေရှာနေပြီး တိုက်ရိုက်ဆက်သွယ်နိုင်မယ့် လိပ်စာပါ ထုတ်ပြန်ခဲ့ပါတယ်။ user တစ်ချို့ကတော့ Samsung ဖုန်းတွေမှာ default ပါလာတဲ့ SMS service အစား Android Messages ကို ပြောင်းသုံးဖို့ပြောနေကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က