ဩဂုတ်လ ၅ ရက်နေ့ မိတ်ဆက်မယ်လို့ သတင်းထွက်နေပါတယ်

ဩဂုတ်လထဲမှာ မိတ်ဆက်သွားဖို့ ရှိတဲ့ Samsung ရဲ့ ပရီမီယံဖုန်းသစ်ရဲ့ ကျောဘက်ဒီဇိုင်းနဲ့ ကာလာသစ်ကတော့ ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။

Galaxy Note 20 Ultra ဒီဇိုင်းဟာ Samsung ရဲ့ တရားဝင်ရုရှားဝက်ဘ်ဆိုက်ကနေ ပေါက်ကြားလာတာပါ။ ကျောဘက်ကင်မရာဒီဇိုင်းဟာ ထောင်လိုက်စတုဂံပုံစံမျိုး ဖြစ်ပြီး ကင်မရာ သုံးလုံး သုံးထားတာတွေ့ရပါတယ်။ ကင်မရာ specs တွေအကြောင်း မကြားရသေးပေမယ့် Galaxy S20 Ultraနဲ့ သိပ်ကွာဖို့ မရှိဘူးလို့လည်း ခန့်မှန်းမှုတွေ ရှိနေပါတယ်။



Photo: Engadget

Render ပုံမှာ ကြေးနီရွှေရောင် ကာလာသစ်ကို သုံးထားပြီး စမတ်ဖုန်းသတင်းသမားဖြစ်တဲ့ မတ်ချ်ဝိန်းဘာ့ချ်ကတော့ Mystic Bronze ကာလာလို့ ခေါ်ထားပါတယ်။ S Pen ကိုလည်း ပုံထဲမှာ ထည့်ပေးထားပါတယ်။ ဒီနှစ်ထဲမှာ Samsung ဟာ Galaxy Note 20 ကို ဗားရှင်း ၃ မျိုးနဲ့ ‌ထုတ်သွားမယ်လို့ သတင်းတွေ ထွက်နေပါတယ်။ 

သတင်းတွေအရ Samsung Galaxy Note 20 ဟာ Screen size အနေနဲ့ ၆.၄ လက်မကနေ ၆.၇ လက်မအကြား ရှိမယ်လို့ ဆိုပါတယ်။ Galaxy Note 20 Plus ဟာ မျက်နှာပြင်အရွယ်အစား ၆.၉ လက်မရှိနိုင်ပြီး Galaxy Note 20 Ultra ကတော့ ၇ လက်မကျော်မယ်လို့လည်း သတင်းပြေးနေပါတယ်။ Ultra မော်ဒယ်ဟာ 120Hz display နဲ့ လာဖို့လည်း ရှိပါတယ်။

Photo:9to5Google

မော်ဒယ် ၃ မျိုးစလုံးဟာ Snapdragon 865 processor နဲ့ 5G support ပေးသွားဖို့ ရှိပါတယ်။ Galaxy Note 20 စီးရီးဟာ ပါဝါသုံးစွဲမှု ၂၀% လျှော့ချပေးနိုင်မယ့် OLED screen နည်းပညာသစ်ကို သုံးလာမယ်လို့လည်း ဆိုပါတယ်။ Samsung ဟာ လာမယ့် ဩဂုတ်လ ၅ ရက်နေ့မှာ ဖုန်းသစ်တွေ မိတ်ဆက်သွားမယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

ဒီပွဲမှာ Galaxy Note 20 စီးရီးနဲ့အတူ Galaxy Fold 2 ၊ 5G ဗားရှင်း Galaxy Z Flip တို့ကို ကြေညာသွားဖို့ ရှိပါတယ်။ စမတ်ဖုန်းတွေ တင်ပို့ဖြန့်ချိမှုကိုတော့ ဩဂုတ်လ ၂၀ ရက်နေ့မှာ စတင်သွားဖို့လည်း ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က