Back Camera 3 လုံးနဲ့ပါ။

Samsung ကတော့ ကမ္ဘာပေါ်မှာ ပထမဆုံး display မှာ ကင်မရာ ထွင်းထားတဲ့ ဖုန်းကို ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။



Photo - GSMarena

in-display နည်းပညာသစ်တွေကို ဘောင်ဖျောက်ဖို့လောက်တင်မဟုတ်ဘဲ ဆယ်လ်ဖီကင်မရာအတွက်ပါ သုံးလာတာက ဘောင်ပျောက်ဖုန်းခေတ်ကို ဦးတည်လာတာလို့ဆိုပါတယ်။ Samsung ဟာ မကြာသေးခင်ကပဲ Infinity O ဆိုပြီး ဖုန်း display ဘယ်ပေါ်ထောင့်နားမှား ကင်မရာအပေါက်ထားတဲ့ ပုံစံကို မိတ်ဆက်ပြသခဲ့ပြီး Galaxy A8s မှာ ဒီနည်းပညာကို ပထမဆုံး တရားဝင်ကြေငြာလိုက်တာပါ။


Photo - GSMarena

Galaxy A8s ဟာ in-display selfie နည်းပညာကို Huawei Nova 4 နဲ့Honor V20 တို့အရင် လက်ဦးမှုရယူပြီး မိတ်ဆက်လိုက်တဲ့ ဖုန်းဖြစ်ပြီး တရုတ် display ကုမ္ပဏီ BOE ထုတ် ၆.၄ လက်မ LCD IPS screen ကို သုံးထားတယ်လို့သိရပါတယ်။ ဖုန်းရှေ့နောက်နှစ်ဘက်ကို glass body အုပ်ထားပြီး fingerprint ကို ကျောဘက်မှာပဲ ထားထားတာပါ။ ကင်မရာစနစ်မှာတော့ Galaxy A8s ဟာ triple lens တွေ သုံးလာပြီ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ



က္က